ပြည်ပသတင်းများ

၂၀၂၀ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အသိဉာဏ်ဆိုင်ရာ အခွင့်အရေးများ ချိုးဖောက်ထားသော ပစ္စည်းပေါင်း (၅၅,၀၀၀)အား ကွမ်ကျိုးအကောက်ခွန်ဌာနကဖမ်းဆီးခဲ့

ယခုနှစ် ပထမ (၆) လအတွင်း “Soaring Dragon 2020” စီမံချက်ဖြင့် ကွမ်ကျိုး အကောက်ခွန်ဌာနက အသိဉာဏ်ဆိုင်ရာအခွင့်အရေးများ (IPR) ချိုးဖောက်ထားသော ယွမ်ငွေ (၃.၂၃) သန်း တန်ဖိုးရှိ ပစ္စည်းပေါင်း (၅၅,၀၀၀) ကို ဖမ်းဆီးထားသည်ဟု သိရပါသည်။ ထိုကဲ့သို့ စီမံချက်ဖြင့် ဖမ်းဆီးမှုများပြုလုပ်ရခြင်းမှာ ကပ်ရောဂါကို တွန်းလှန်ရာတွင် အသုံးပြုသည့် ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဖိနပ်များ၊ အိတ်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ လက်ပတ် နာရီများနှင့် လျှပ်စစ်ပစ္စည်းများအပါအဝင် IPR မှတ်ပုံတင်ထားသော တရုတ်နှင့် နိုင်ငံခြားအမှတ် တံဆိပ်ပေါင်း (၈၅) ခုကို ကာကွယ်ရန်ဖြစ်ပါသည်။

             ဝက်ဘ်ဆိုဒ်များကို အခြေပြု၍ တိုးပွားလာနေသော IPR ချိုးဖောက်မှုများကို တုန့်ပြန် သော အားဖြင့် ကွမ်ကျိုးအကောက်ခွန်ဌာနက big-data နည်းပညာကို အသုံးပြု၍ ခြေရာခံလိုက် ခဲ့ကာ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သော နိုင်ငံများ/ ဒေသများထံမှ စာတိုက်များ၊ အမြန်ချောပို့များ၊ နယ်စပ်ဖြတ်ကျော် e-commerce နည်းလမ်းများဖြင့် တင်ပို့တင်သွင်းလာသည့် အတုအပပစ္စည်းများကို ဖမ်းဆီးခဲ့ပါသည်။

             ဧပြီလ ၂၇ ရက်နေ့တွင် အကောက်ခွန်ဌာနတည်ရှိသော စာတိုက်က “NIKE” အမှတ် တံဆိပ်အား ချိုးဖောက်ထားသည့် ဖိနပ်အရံပေါင်း (၁၅၅) ရံကို သိမ်းဆည်းခဲ့ပါသည်။ ဇွန်လ ၁၇ ရက်နေ့တွင် ပြည်ပမှ တင်ပို့လာသော “LV”၊ “GUCCI” နှင့် “YSL” တံဆိပ်များ ပါရှိသည့် အတုအပ ပြုလုပ်ထားသော အိတ်များနှင့် ဖိနပ်များကို သိမ်းဆည်းခဲ့ပါသည်။

             ကွမ်ကျိုးအကောက်ခွန်ဌာနသည် တရုတ်နိုင်ငံ၏ အမှန်အကန်တံဆိပ်ဖြင့် ကုန်ပစ္စည်း များကို ပြည်ပသို့ တင်ပို့ရေးအတွက် များစွာအထောက်အကူပြုပေးလျက်ရှိပါသည်။ ဉပမာ ပြည်တွင်းမှ နှာခေါင်းစည်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Guangzhou Harley Company Ltd. မှ ၎င်း၏ IPR မှတ်ပုံတင်ခြင်းနှင့် နှာခေါင်းစည်းများ တင်ပို့မှုမှ ရရှိသောအကျိုး အမြတ်များကို ကာကွယ်ခြင်းတို့အတွက် ကွမ်ကျိုးအကောက်ခွန်ဌာနထံမှ လမ်းညွှန်မှုနှင့် ဝန်ဆောင်မှုများကို ရရှိထားပါသည်။ ယခုနှစ်အစပိုင်းမှစတင်၍ တရုတ်နိုင်ငံမှ နာမည်ကြီးအမှတ် တံဆိပ်များဖြစ်ကြသော “HUAWEI”၊ “Vivo”နှင့် “Hisense” ကဲ့သို့သော တံဆိပ်များကို အတုအပ ပြုလုပ်ထားသည့် ပစ္စည်းပေါင်း (၁၁,၆၀၀) ကို ဖမ်းဆီးရရှိခဲ့ပါသည်။

             ကွမ်ကျိုးအကောက်ခွန်ဌာနက သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ဉပဒေချိုး ဖောက်ထားကြောင်း အတည်ပြုခြင်းနှင့်  အမှုများ လွှဲပြောင်းပေးခြင်းတို့ အသက်ဝင်လာစေရန် ပြည်တွင်းကုန်ပစ္စည်းအမှတ်တံဆိပ်၊ တီထွင်မှု မူပိုင်ခွင့်နှင့် စာမူမူပိုင်ခွင့် စီမံကွပ်ကဲရေးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ၊  IPR စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ဉပဒေအသက်ဝင် စေခြင်းတို့တွင် ဒေသခံတရားရုံးများနှင့် ပြည်သူ့လုံခြုံရေးဌာနတို့ထံ အထောက်အကူပြုပေး လျက်ရှိပါသည်။  ထို့ပြင် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်နယ်မြေတွင် စီးပွားရေးပတ်ဝန်းကျင်စိတ်ချလုံခြုံစေရန် IPR အသက်ဝင်စေရေး လှုပ်ရှားမှုများ၌ ဟောင်ကောင် အကောက်ခွန်ဌာနနှင့် မကာအိုအကောက်ခွန်ဌာနတို့နှင့် ကောင်းစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

ရင်းမြစ်၊ customs.gov.cn (၃၀-၇-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading