ပြည်တွင်းသတင်းများ

“ArcGIS Desktop and ArcGIS Training” သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည့်သတင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization – FAO) တို့ပူးပေါင်း၍ ဖွင့်လှစ် ပို့ချသည့် “ArcGIS Desktop and ArcGIS Training” သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၄.၁၂.၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီ၌ စီမံကိန်းဦးစီးဌာန၊ MyanKoRAA Training Centre တွင် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ စီမံကိန်းဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ FAO မှ Mr.Warren Lee, Lead Technical Officer (Regional office of Bangkok) နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းပို့ချပေးမည့် ရန်ကုန်မြို့ရှိ ESRI Company မှ သင်တန်းဆရာ/ ဆရာမများ၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနတို့မှ သင်တန်းသူ/သားများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆွေလင်း က အဖွင့်အမှာစကားပြောကြားခဲ့ရာ၌ ယခုသင်တန်းသည် FAO နှင့် စီမံကိန်းဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “Technical Assistance in Development of Strategic Tools for Planning Agriculture Diversification and Dietary Improvement” စီမံကိန်း၏ Component တစ်ခုဖြစ်သည့် Crop Suitability and Agro-Ecological Zone (AEZ) Mapping လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်နေသည့် နည်းပညာပိုင်းဆိုင်ရာ GIS အသုံးပြုနည်း အခြေခံ သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ စီမံကိန်းကို လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်ကတည်းက စတင်ခဲ့ပါ ကြောင်း၊ စီမံကိန်းတွင် အာဟာရမျှတပြည့်ဝစွာ စားသောက်မှုပုံစံ (Balanced Food Plate Graphics) နှင့် Crop Suitability Assessment ၊ Farming System Assessment ဟူ၍ အပိုင်း (၂) ပိုင်းကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပြီး Nutrition ပိုင်းဆိုင်ရာ အာဟာရမျှတ ပြည့်ဝစွာ စားသောက်မှုပုံစံဖော်ဆောင်ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Crop Suitability Assessment ၊ Farming System Assessment လုပ်ငန်းအတွက် Crop Suitability Assessment Software ကို ကျွမ်းကျင်စွာ အသုံးပြု၍ ရာသီဥတု၊ မြေဆီလွှာ၊ မြေအနေအထား၊ သီးနှံလိုအပ်ချက်များနှင့် ပတ်သက်သော ဒေတာဘေ့စ် (Relational Database) ထူထောင်ခြင်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ သက်ဆိုင်ရာဉီးစီးဌာနများဖြစ်သည့် စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် Core Team ဖွဲ့စည်း ၍ Crop Suitability Assessment လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် GIS အသုံးပြုမှု နည်းပညာပိုင်းအတွက် ယနေ့ သင်တန်းပို့ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းစီစဉ် ပေးသည့် FAO ကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းကို ကြိုးကြိုးစားစားဖြင့် လက်တွေ့အသုံးချနိုင်သည်အထိ သင်ယူလေ့လာသွားကြစေလိုပါကြောင်း၊ စီမံကိန်းလုပ်ငန်းများတွင် ထိရောက်စွာပါဝင် ဆောင်ရွက်နိုင်စေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် (၉:၃၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါသင်တန်းကို (၁၄-၁၂-၂၀၂၀) ရက်နေ့မှ (၁၈-၁၂-၂၀၂၀)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ဉီးစီးဌာန/တက္ကသိုလ်များမှ သင်တန်းသား (၁၆) ဦးသည် in person အဖြစ်လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သင်တန်းသား (၁) ဦးသည် Online ဖြင့်လည်းကောင်း တက်ရောက်လျက်ရှိပါသည်။

Loading