ပြည်ပသတင်းများ

(၂၀၂၁) ခုနှစ်အတွက် တရုတ်အစိုးရ တရားဝင်ရုံးပိတ်ရက် များအား ထုတ်ပြန်ကြေငြာ

တရုတ်နိုင်ငံသည် ၎င်း၏ (၂၀၂၁) ခုနှစ်အတွက် တရားဝင် ရုံးပိတ်ရက်များအား  “Circular of the General Office of the State Council about the Public Holiday Arrangement for 2021” ဖြင့် နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

တရားဝင်ရုံးပိတ်ရက်များအတွင် တရုတ်အစဉ်အလာအရ (တရုတ်နှစ်သစ်ကူးဟု လူ အများသိကြသည့်) နွေဉီးရာသီပွဲတော်နှင့် အမျိုးသားနေ့အားလပ်ရက်များအတွက် ရုံးပိတ်ရက်ရှည် ကာလ (၂) ရပ် ပါဝင်ပါသည်။ နွေဉီးရာသီပွဲတော် (တရုတ်နှစ်သစ် ကူးပွဲတော်) ရုံးပိတ်ရက်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိဖြစ်ပြီး၊ အမျိုးသားနေ့ ရုံးပိတ် ရက်မှာ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ဖြစ်ပါသည်။

သို့ရာတွင် တရုတ်နိုင်ငံတွင် ရက်ရှည်ရုံးပိတ်ရက်များအား ပြန်လည်အစားထိုးပေးရန် စနေနှင့် တနင်္ဂနွေနေ့များအား ရုံးတက်ပေးရသည့် အလေ့အထရှိပါသည်။ ဉပမာ – (၂၀၂၁) ခုနှစ် အတွင်း စနေနေ့များဖြစ်ကြသော ဖေဖော်ဝါရီလ (၇) ရက်နေ့နှင့် (၂၀) ရက်နေ့များအား နွေဉီး ရာသီရုံးပိတ်ရက်ဖြစ်သည့် (၇) ရက်အတွက် ပြန်လည် အစားထိုးသည့်အနေဖြင့် ရုံး/လုပ်ငန်း များ ဖွင့်လှစ်လည်ပတ်ပေးရန် သတ်မှတ်ထားပါသည်။

(၂၀၂၁)ခုနှစ်အတွက် တရုတ်နိုင်ငံ၏ တရားဝင်ရုံးပိတ်ရက်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည် –

နှစ်သစ်ကူး ဇန်နဝါရီလ (၁) ရက်မှ (၃) ရက်နေ့အထိ
နွေဉီးရာသီပွဲတော် ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၇) ရက်နေ့အထိ
အစားထိုးအလုပ်ဖွင့်ရက်များ- ဖေဖော်ဝါရီလ (၇) ရက် (စနေနေ့) နှင့် ဖေဖော်ဝါရီလ (၂၀) ရက် (စနေနေ့)
ဘိုးဘေးအုတ်ဂူ သန့်ရှင်းရေး ပွဲတော် ဧပြီလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ
အလုပ်သမားနေ့ မေလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ

အစားထိုးအလုပ်ဖွင့်ရက်များ-ဧပြီလ(၂၅) ရက် (တနင်္ဂနွေနေ့) နှင့် မေလ (၈) ရက် (စနေနေ့)

နဂါးလှေပွဲတော် ဇွန်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ
ဆောင်းဉီးရာသီအလယ် ပွဲတော် စက်တင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့ အထိ

အစားထိုးအလုပ်ဖွင့်ရက်- စက်တင်ဘာလ (၁၈) ရက် (စနေနေ့)

အမျိုးသားနေ့ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့ အထိ

အစားထိုးအလုပ်ဖွင့်ရက်များ- စက်တင်ဘာ လ(၂၆)ရက် (တနင်္ဂနွေနေ့)နှင့် အောက်တိုဘာ လ (၉) ရက် (စနေနေ့)

ရင်းမြစ်၊ china-briefing.com (၂၆-၁၁-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading