ပြည်ပသတင်းများ

ဘယ်လ်ဂျီယံနိုင်ငံက ၂၀၂၂ ခုနှစ်မှစတင်၍ ဇီဝလောင်စာ များတွင် ပဲပုပ်နှင့် ဆီအုန်းအသုံးပြုမှုကို ပိတ်ပင်တားမြစ် သွားမည်

ဘယ်လ်ဂျီယံနိုင်ငံသည် သစ်တောပြုန်းတီးမှုပပျောက်ရေး ဆောင်ရွက်ချက်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဇီဝလောင်စာများတွင် ပဲပုပ်နှင့် ဆီအုန်းအသုံးပြုမှုကို ၂၀၂၂ ခုနှစ်မှ စတင်၍ ပိတ်ပင်တားမြစ်သွားမည်ဟု သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဖြစ်သူ  Ms. Zakia Khattabi ကကြေညာခဲ့ပါသည်။ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန် နိုင်ငံတို့နည်းတူ ဆီအုန်းမှ ပြုလုပ်သည့် ဇီဝလောင်စာများကို ဘယ်လ်ဂျီယံနိုင်ငံဈေးကွက်နှင့် သယ်ယူပို့ ဆောင်ရေးကဏ္ဍတို့၌ သုံးစွဲခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး တွင်သုံးသည့် ဇီဝလောင်စာများ၌ ပဲပုပ်အား ကုန်ကြမ်းအဖြစ်အသုံးပြုမှုကိုလည်း ၂၀၂၃ ခုနှစ် မှစတင်၍တား မြစ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းဇီဝလောင်စာများသည် သစ်တောပြုန်းတီးမှု၊ ဇီဝမျိုးစုံ/မျိုးကွဲများဆုံးရှုံးမှုတို့ကိုဉီး တည်စေနိုင်သည်ဟု Ms. Zakia Khattabi က ပြောကြားသည်။ ဘယ်လ်ဂျီယံနိုင်ငံ ဈေးကွက် ၌ ဆီအုန်းမှထုတ်လုပ်သော ဇီဝလောင်စာများ အသုံးပြုမှုသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း (၂၃၁) လီတာ သန်းသို့ ရောက်ရှိခဲ့ပြီး (၁၀) ဆမြင့်တက်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်မှစတင်၍ ဇီဝဒီဇယ်ထုတ်လုပ်သူများသည် အခြားဇီဝ လောင်စာမျိုးဆက်များကို တဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်ကြရမည်ဟု ဆိုသည်။

ဘယ်လ်ဂျီယံနိုင်ငံဈေးကွက်တွင် အသုံးပြုမည့် ဇီဝဒီဇယ်ပမာဏကို ထုတ်လုပ်နိုင်ရန် အတွက် ဘောလုံးကွင်းအရေအတွက် (၁) သိန်းကျော် ဧရိယာရှိသည့် ဆီအုန်းစိုက်ခင်းများကို လိုအပ်ကြောင်း၊ လေ့လာမှုများအရ ယင်းဆီအုန်းစိုက်ခင်းများ၏ ထက်ဝက်ခန့်သည် သစ်တော ပြုန်းတီးသည့် မြေများပေါ်တွင် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း Ms. Zakia Khattabi က ကြေညာ ချက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေးကုန်စည်များနှင့်ဆက်စပ်သည့် သစ်တောပြုန်းတီးမှုလျော့ နည်းပပျောက်ရေး သဘောတူညီချက်တစ်ရပ်ဖြစ်သော အမ်စတာဒမ်မိတ်ဖက်ကြေညာချက် (Amsterdam Declarations Partnership) သို့ဝင်ရောက်ပြီးနောက် ယခု ဆောင်ရွက်ချက်သည် ဘယ်လ်ဂျီယံနိုင်ငံ၏ ပထမဆုံး အစီအမံတစ်ရပ်လည်း ဖြစ်သည်ဟု သိရသည်။ ယင်းကြေညာ ချက်တွင် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ စပိန်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့က လက်မှတ်ရေးထိုးထားပါသည်။ ဘယ်လ်ဂျီယံနိုင်ငံအစိုးရသည် လျှပ်စစ်ဓါတ် အားအသုံးပြု ရထားပို့ဆောင်ရေးနည်းလမ်းကို အလေးထားဆောင်ရွက်ခြင်းဖြင့် ဇီဝလောင်စာ ဝယ်လိုအားကို လျှော့ချသွားမည်ဖြစ်ကြောင်း Ms. Zakia Khattabi က ပြောကြားထားပါသည်။

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘယ်လဂျီယံနိုင်ငံ

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

Loading