ပြည်ပသတင်းများ

COVID-19 ရောဂါကြောင့် သတ်မှတ်ထားသည့် တရုတ် နိုင်ငံသို့ ပြည်ဝင်ခွင့် ကန့်သတ်ချက်များ

တရုတ်နိုင်ငံသည် အမေရိကန်ထုတ် COVID ကာကွယ်ဆေး ထိုးထားသူ အမေရိကန် ခရီးသွားများအား ပြည်ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ဧပြီလ (၂၁)ရက်နေ့တွင် ထုတ်ပြန်လိုက်ပါ သည်။ တရုတ်နိုင်ငံက လက်ခံသည့် အမေရိကန်နိုင်ငံထုတ် ကာကွယ်ဆေးများတွင် Pfizer ၊ Moderna နှင့် Johnson & Johnsonတို့မှ ထုတ်ပေးသည့်ကာကွယ်ဆေးများ ပါဝင်ပါသည်။ တရုတ်နိုင်ငံသို့ လာရောက်ခြင်းမပြုမီ ကာကွယ်ဆေးများအားလုံး ထိုးနှံပြီးရန် လိုအပ်ပါသည်။ အမေရိကန်ထုတ်ကာကွယ်ဆေး ထိုးနှံထားသူများအနေဖြင့် IgM antibody စမ်းသပ်မှုရလဒ်နှင့် nucleic acid စမ်းသပ်မှုရလဒ်တို့ကိုတင်ပြရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား ပါသည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Covid-19 ကာကွယ်ဆေးကို ထိုးနှံထားသူများအား ပြည်ဝင်ခွင့် ကန့်သတ်ထားမှုများအား ဖြေလျှော့ပေးသွားမည်ဖြစ်ပါသည်။ ထိုးနှံရာတွင် ရက်ခြား ၍ထိုးနှံရသော တရုတ်ကာကွယ်ဆေးနှစ်ကြိမ်လုံးထိုးနှံပြီးခြင်း (သို့မဟုတ်) တစ်ကြိမ်တည်းထိုးနှံ ရသော တရုတ်ကာကွယ်ဆေးအား ဗီဇာမလျှောက်ထားမီ (၁၄) ရက် ကြိုတင်ထိုးနှံထားခြင်း တစ်ခုခုအား ပြုလုပ်ထားရမည်ဖြစ်ပြီး၊ ဆေးထိုးနှံထားကြောင်း လက်မှတ်ရယူထားရန်လိုအပ်ပါ သည်။ IgM antibody စမ်းသပ်မှုရလဒ်နှင့် nucleic acid စမ်းသပ်မှုရလဒ်တို့ကို တင်ပြရန် မလိုအပ်တော့ပါ။ ၄င်းစည်းမျဉ်းအသစ်များအား အချို့နိုင်ငံများတွင် (၂၀၂၁) ခုနှစ်၊ မတ်လ (၁၅) ရက် နေ့၌ စတင်ကျင့်သုံးနေပြီဖြစ်ပါသည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ပြောကြားချက်အရ နိုင်ငံဖြတ် ကျော်သွားရောက်နေကြသူများအတွက် ကျန်းမာသော၊ စိတ်ချရသော၊ စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းကျောင်းပေးသော အမိန့်အသစ်ကိုခွင့်ပြုရန် တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာ အီလက် ထရောနစ်ကျန်းမာရေးလက်မှတ်များကို  ထုတ်ပေးရန်စီစဉ်နေပြီး၊    အခြားနိုင်ငံများ၏ nucleic acid စစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးနှံမှု အပြန်အလှန် အသိအမှတ် ပြုခြင်းအား အကောင် အထည်ဖော်ရန် စီစဉ်နေကြောင်း သိရပါသည်။

(၂၀၂၀) ပြည့်နှစ်၊ သြဂုတ်လ (၂၇)ရက်နေ့တွင် တရုတ်နိုင်ငံက ပြည်ဝင်ခွင့်အား ဉရောပနိုင်ငံ (၃၆) နိုင်ငံနှင့် အာရှနိုင်ငံ (၁၃) နိုင်ငံတို့ထံ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါသည်။ အာရှ နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပြီး  တရုတ်နိုင်ငံသို့ လာရောက်ရန် အတွက် မိမိနိုင်ငံရှိ တရုတ်နိုင်ငံသံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ရုံးများတွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားနိုင်ပါသည်။

တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်ချက်အသေးစိတ်အား ဘဲလာရု၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ ဒိန်းမတ်၊ ဂါဗွန်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အိုင်ယာလန်၊ အီတလီ၊ အစ္စရေး၊ နော်ဝေ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စလိုဗက်ကီးယား၊ စပိန်၊ သီရိလင်္ကာ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ ဗီယက်နမ်၊ ဟောင်ကောင်တို့၌ တည်ရှိသော တရုတ်နိုင်ငံသံရုံးများမှ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်အသီးသီးတွင် ဖော်ပြထားပါသည်။

ဂျာမနီ၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ ဂျပန်နှင့် စင်ကာပူစသည့် နိုင်ငံအချို့၌ Covid-19 ရောဂါဖြစ်ပွားမှု လျော့နည်းလာပြီဖြစ်ရာ တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့် ကန့်သတ်မှု များအား ဖြေလျှော့နိုင်ရေးအတွက်လည်းကောင်း၊ အမြန်လမ်းကြောင်းဖြင့် ဝင်ရောက်ခွင့် ပြုနိုင်ရေးအတွက်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြပါသည်။  အမြန်လမ်း ကြောင်းဖြင့် အပြန်အလှန် ဝင်ရောက်ခွင့်ဟူသည်မှာ သတ်မှတ်ထားသည့်ကာလအတွင်း သီးခြား နေထိုင်ရန်မလိုတော့ဘဲ တစ်ဖက်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုခြင်းဖြစ်ပါသည်။

အမြန်လမ်းကြောင်းဖြင့် ဝင်ရောက်ခွင့်သဘောတူညီချက်ပြုထားသော နိုင်ငံမှ ပုဂ္ဂိုလ် တစ်ဉီး တရုတ်နိုင်ငံသို့ လာရောက်လိုပါက မလာရောက်မီ (၄၈)နာရီကြိုတင်၍ COVID-19 စမ်းသပ်မှုရလဒ်တင်ပြခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

ရင်းမြစ်၊ China Briefing (၂၃-၄-၂၀၂၁)

Loading