ပြည်ပသတင်းများ

ယခုနှစ် ပထမ (၃) လအတွင်း တရုတ်နိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေး တည်ငြိမ်နေခဲ့

ယခုနှစ် ပထမ(၃)လတွင်း တရုတ်နိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေးတို့၏ လုပ်ဆောင်ချက်များမှာ တည်ငြိမ်နေခဲ့ကြောင်း၊  နိုင်ငံ၏ အခြေခံလုပ်ငန်းမှ နိုင်ငံ၏ စီးပွားရေးသို့ ယွမ်ငွေ (၁.၁၃)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၃.၅၇ ဘီလီယံ) တန်ဖိုး ပါဝင် ဖြည့်ဆည်းပေးခဲ့ကာ၊ ယခင်နှစ်ကထက် (၈.၁)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း တရုတ်လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါသည်။

နွေဉီးရာသီ စိုက်ပျိုးမှုများ ပိုမိုမြန်ဆန်လာပြီး၊ နွေရာသီသီးနှံများ စိုက်ပျိုးရေး အတွက် ဧကတိုးတက်လာကြောင်းနှင့် အချုပ်အားဖြင့် ယခုနှစ် နွေရာသီကောက်ပဲသီးနှံ ထုတ်လုပ်မှု ကောင်းမွန်ဖွယ်ရှိကြောင်း သိရပါသည်။ ဆောင်းရာသီဂျုံစိုက်ပျိုးမှုတွင် ဟက်တာပေါင်း (၂) သိန်း ခန့် တိုးတက်ခဲ့ကာ၊ ဝက်မွေးမြူရေးမှာလည်း ဆက်လက်နာလန် ပြန်ထူလာကြောင်းနှင့် အစိမ်း ရောင်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်လုပ်ငန်းများ ပိုမိုရှေ့တန်းရောက်လာကြောင်း သိရပါ သည်။

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

 ရင်းမြစ်၊ China Daily (၂၁-၄-၂၀၂၁)

Loading