ပြည်ပသတင်းများ

RCEP သဘောတူညီချက်အား စောစောအကောင်အထည် ဖော်ဆောင်နိုင်ရေး မြှင့်တင်ဆောင်ရွက်ရန် ပဏာမခြေလှမ်း စတင်ဆောင်ရွက်လိုက်သည့် ချင်းတောင်

ဒေသတွင်းဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)သဘောတူ ညီချက် ကို စောစောအကောင်အထည်ဖော်ရေးမြှင့်တင်ရာတွင် ပူးတွဲပဏာမဆောင်ရွက်မှု တစ်ရပ်အား တရုတ်နိုင်ငံအရှေ့ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ချင်းတောင်မြို့၌ စတင် ဆောင်ရွက်လိုက်ပါသည်။

ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်မှုရှိသော ခွဲခြားဆက်ဆံမှုမရှိသည့် စည်းမျဉ်းအခြေပြု နိုင်ငံစုံကုန်သွယ်မှုဝန်းကျင်တစ်ရပ်အား ပံ့ပိုးပေးရန် အတွေးအမြင်ဖြင့်  RCEP ဒေသတွင်း စီးပွား ရေးနှင့် ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှု ပူးတွဲမြှင့်တင် ဆောင်ရွက်သည့် ချင်းတောင်ပဏာမ ခြေလှမ်းတွင် ပူးပေါင်းပါဝင်ကြရန် RCEP အဖွဲ့ဝင်  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် အဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းအသင်းအဖွဲ့များက သဘောတူကြပါသည်။

ကမ္ဘာ့စီးပွားရေးအပေါ် COVID-19 ကပ်ရောဂါက ဆိုးဆိုးရွားရွားသက်ရောက်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း RCEP က ဒေသတွင်း ကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ်မှုအား  ခိုင်မာစွာ မြှင့်တင်ပေး မည်ဖြစ်ပါသည်။ ထို့ပြင် RCEP က COVID-19 ကပ်ရောဂါအလွန်၌ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာစေရေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးသွားနိုင် မည်ဖြစ်သည်ဟု ပဏာမခြေလှမ်း၏ ထုတ်ပြန်ချက်အရ သိရပါသည်။

အဖွဲ့ဝင်များအနေဖြင့် အရည်အသွေးမြင့် ရင်းမြစ်များအား ပေါင်းစည်းရန်၊  ကုန်စည် ထောက်ပံ့ပေးခြင်းနှင့် တန်ဖိုးမြှင့်ကွင်းဆက်များအား ပြန်လည်တည်ဆောက်ရန်၊ RCEPအား ဝန်ဆောင်မှုပေါင်းကူးနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတည်ဆောက်ရန်၊ ဈေးကွက်အသစ်များ ဖန်တီး ရေးစီးပွားရေးလုပ်ငန်းများအား ကူညီရန်၊ အဖွဲ့ဝင်နိုင်ငံများတွင် စီးပွားရေးချဲ့ထွင်ရေးတို့အား ပဏာမခြေလှမ်းက အကြံပြုထားပါသည်။

စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏နိုင်ငံများရှိ ပြည်နယ်အစိုးရများမှ မိတ် ဆက်သည့် ကနဉီးပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးကူညီပေးရန်နှင့် အသေးစားနှင့် အလတ် စားလုပ်ငန်းများ၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ကူညီဖွံ့ဖြိုးမှု မြှင့်တင်ပေးရန် တောင်းဆိုထားပါသည်။

RCEP သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးရာတွင် တရုတ်နိုင်ငံက ဉီးဆောင်နေပြီး၊ RCEP အဖွဲ့ဝင်နိုင်ငံများအားလုံးက ယခုနှစ်မကုန်မီ အတည်ပြု လက်မှတ်ရေး ထိုးရန် စီစဉ်နေကြကာ၊ (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အသက်ဝင်လာစေရန်တွန်း အားပေးဆောင်ရွက်နေကြကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

RCEP သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုဖြေလျှော့ခြင်းနှင့် လွယ်ကူချောမွေ့စေခြင်း၊ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်း စေခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ၊ ကုန်ပစ္စည်းထောက်ပံ့မှု၊ ဒေတာနှင့် intelligence လုပ်ငန်း ကွင်းဆက်များ ပေါင်းစည်းခြင်းတို့အား ခိုင်မာစွာမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  China Council for the Promotion of International Trade၏ ဉက္ကဌ  Gao Yan က မှတ်ချက်ပြု ပြောကြားထားပါသည်။

ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဌာနမှ အတွင်းရေးမှူး Ramon Lopez က လည်း RCEP သဘောတူညီချက်မှာ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူ ဖြစ်လာမည်ဖြစ်ကြောင်း၊ စက်မှုကုန်ထုတ်လုပ်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ဂိမ်းဖွံ့ဖြိုး တိုးတက်မှုများနှင့် e-commerce တို့တွင်  သုတေသနနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းကဲ့သို့ ဖိလစ်ပိုင်၏ အရေးပါသောနေရာများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည် ဟုမျှော်လင့်ကြောင်း  မှတ်ချက်ပြုပြောကြားပါသည်။

RCEP သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး လွတ်လပ်သောကုန်သွယ်မှုဇုန်ဖြစ် ကာ အဖွဲ့ဝင် (၁၅) နိုင်ငံနှင့် လူဉီးရေ (၂.၂၇) ဘီလီယံပါဝင်ပါသည်။  ၎င်းRCEPတွင် စုစုပေါင်း GDP အမေရိကန်ဒေါ်လာ (၂၆)ထရီလီယံနှင့် စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၅.၂) ထရီလီ ယံ အသီးသီးရှိပါသည်။  လက်ရှိအချိန်တွင် RCEP သဘောတူညီချက် စီးပွားရေးနှင့် ကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား ချင်းတောင်တွင် ကျင်းပရန်ကျွမ်းကျင်သူများနှင့် အစိုးရ အရာရှိများက ကြိုဆိုထားကြပါသည်။

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

ရင်းမြစ်၊ Xinhua (၂၅-၄-၂၀၂၁)

Loading