ပြည်ပသတင်းများ

ကူးစက်ရောဂါက စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အခွင့် အလမ်း ဖြစ်ပေါ်စေနိုင်

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဩစတြေးလျစီးပွားရေး ကဏ္ဍအတွက် အများပြည်သူ ဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်နိုင်သည့် အခွင့်အရေးရရှိခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းများ မှာလည်း ၄င်းတို့၏ နည်းဗျူဟာများကို ပြန်လည်ချမှတ်နိုင်သည့် အခွင့်အလမ်းရရှိခဲ့ပါသည်။ အများပြည်သူဆိုင်ရာမူဝါဒများတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုထက် ကူးစက်ရောဂါ၏ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများအပေါ် စီမံခန့်ခွဲခြင်းကို အဓိကအလေးပေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။

အဆိုပါမူဝါဒများမှာ အောင်မြင်မှုများ ရရှိခဲ့ပြီး၊ နိုင်ငံအတွင်း ကူးစက်ရောဂါအား နှိမ်နင်း နိုင်ခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းအများစုနှင့် အိမ်ထောင်စုများကို ကူးစက်ရောဂါ သက်ရောက်မှု များမှ ကာကွယ်ပေးနိုင်ခဲ့ပါသည်။  စီးပွားရေး ပြန်လည်ခိုင်မာလာခြင်းနှင့်အတူ အလုပ်အကိုင် ရရှိမှုမှာလည်း ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်မီအဆင့် အထက်သို့ ရောက်ရှိခဲ့သည့်အပြင် စားသုံး သူနှင့် စီးပွားရေးလုပ်ငန်းများ စစ်တမ်းအရ အခြေအနေများမှာ မြင့်မားသည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ သို့သော်လည်း စီးပွားရေးကဏ္ဍအတွက် အကူအညီများပေးခြင်းကြောင့် ကုန်ကျစရိတ်များ ဖြစ်ပေါ်ခဲ့ရာ အစိုးရတွင် ပြည်သူ့ကြွေးမြီမှာ ၂ ဆခန့်တက်သွားခဲ့ပါသည်။

နိုင်ငံ၏ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် အခွန်မူဝါဒ၊ ယှဉ်ပြိုင်မှုမူဝါဒ၊ စက်မှုထုတ်ကုန်၊ အခြေခံအဆောက်အဦတိုးတက်ရေး၊ ရာသီဥတုနှင့် စွမ်းအင်မူဝါဒများ ပါဝင်သင့်သော်လည်း ကိုဗစ် အကြပ်အတည်းကြောင့် အချို့သော ပြည်သူ့မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ အားနည်းခဲ့ရပါသည်။ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးပုံစံများ ယိမ်းယိုင်ခဲ့ရပြီး၊ သိသာထင် ရှားသော အလုပ်အကိုင် အနုတ်အသိမ်း (Job Turnover) ကိုဖြစ်ပေါ်စေကာ အချို့စက်မှုကဏ္ဍ များတွင် ဒစ်ဂျစ်တယ်စနစ်သုံးစွဲမှုကို အရှိန်မြှင့်တင်နိုင်ခဲ့ပါသည်။ လူအများစုမှာနေအိမ်မှလုပ် ငန်းလုပ်ကိုင်ခြင်း၊ စီးပွားရေးခရီးသွားလာမှု နည်းပါးသွားနှင့် အွန်လိုင်းမှ လက်လီရောင်းချခြင်း များ ပိုမိုများပြားလာခြင်းတို့မှာ ထုတ်လုပ်မှုမည်ကဲ့သို့ တိုးတက်လာခြင်းဖြစ်ကြောင်း ပြသသည့် ဥပမာများ ဖြစ်ကြပါသည်။ ကူးစက်ရောဂါဆိုင်ရာ ညှိနှိုင်းပြင်ဆင်ချက်များအားလုံးသည် ထုတ် လုပ်မှုကို မြှင့်တင်နိုင်ခြင်းမရှိသော်လည်း ဒစ်ဂျစ်တယ်စနစ် သုံးစွဲမှုမြင့်တက်လာခြင်းမှာ ထုတ် လုပ်မှုတိုးတက်စေသည့် အဓိကလမ်းကြောင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ၂၀၂၁ ခုနှစ်၊ မေလ ဘတ်ဂျက်က ကျယ်ပြန့်သော အများပြည်သူဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ကို အာရုံစိုက်ရန် အခွင့်အလမ်းပေးရုံမျှမက ပြည်သူ့ကြွေးမြီဖြေရှင်းရေးနှင့် ထုတ်လုပ်မှုတိုးမြှင့် နိုင်ရေးတို့အတွက်ပါ သေချာစေမည့် ဘတ်ဂျက် ဖြစ်စေရန် လိုအပ်လျက်ရှိပါသည်။

မြန်မာသံရုံး၊ ကင်ဘာရာမြို့

၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်

Source: The Australian: Business Review

Loading