ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံတွင် ဧပြီလအတွင်းဖော်ပြခဲ့သောသတင်းများမှ စီးပွားရေးဆိုင်ရာသတင်းများ ကောက်နှုတ်တင်ပြခြင်း

ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုမှ နှံစားသီးနှံတန်ချိန် ၂.၂၈၇ ဘီလီယံထွက်ရှိရန် နိုင်ငံတကာနှံစားသီးနှံ အဖွဲ့ ခန့်မှန်း

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုမှ နှံစားသီးနှံတန်ချိန် ၂.၂၈၇ ဘီလီယံထွက်ရှိနိုင်ရန် နိုင်ငံတကာနှံစားသီးနှံအဖွဲ့(International Grain Council – IIC)က မျှော် မှန်းထားသည်။ ယခင်သီးနှံရာသီချိန်တွင် ထွက်ရှိခဲ့သည့် အခြေအနေများအပေါ်မူတည်၍ လာမည့် သီးနှံရာသီချိန်တွင် နှံစားသီးနှံတန်ချိန်စုစုပေါင်း ၂.၂၈၇ ဘီလီယံ စိုက်ပျိုးထုတ်လုပ်နိုင်ရန်ခန့် မှန်းထားသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ကာလအတွက်လည်း နှံစားသီးနှံ ၂.၂၂၆ ဘီလီယံ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် IIC  က ခန့်မှန်းခဲ့သည်။

နှံစားသီးနှံအဖွဲ့(IIC)ကထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၀-၂၀၂၁ ခုနှစ် ကာ လအတွက် ပြောင်းစေ့တန်ချိန်စုစုပေါင်း ၁.၁၄ ဘီလီယံနှင့်  ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် ပြောင်းစေ့တန်ချိန်စုစုပေါင်း ၁.၁၉၂ ဘီလီယံတို့ကို စိုက်ပျိုးထုတ်လုပ်ရန် ခန့်မှန်းခဲ့သည်။

ကမ္ဘာ့ဂျုံစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဂျုံတန်ချိန် ၇၇၄ သန်း ထွက်ရှိရန်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် ဂျုံတန်ချိန် ၇၉၀ သန်းတို့ကို စိုက်ပျိုးထွက်ရှိရန် ခန့်မှန်းခဲ့သည်။

ကမ္ဘာ့ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုတွင် ၂၀၂၀-၂၀၂၁ ခုနှစ်ကာလ နောက်ဆုံးသီးနှံ ရိတ်သိမ်းချိန်တွင် ပဲပုတ်စေ့တန်ချိန် ၃၆၂ သန်း ထုတ်လုပ်နိုင်ရန်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဧပြီလ သီးနှံရိတ်သိမ်းချိန်တွင် ပဲပုတ်စေ့တန်ချိန် ၃၈၃ သန်းတို့ကို ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားသည်။

ကမ္ဘာ့ဆန်စိုက်ပျိုးထုတ်လုပ်မှုတွင် ၂၀၂၀-၂၀၂၁ ခုနှစ်ကာလအတွက် ဆန်တန်ချိန် စုစု ပေါင်း  ၅၀၄ သန်း ထုတ်လုပ်နိုင်ရန်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ဆန်တန်ချိန်စုစုပေါင်း ၅၀၉ သန်းတို့ကို စိုက်ပျိုးထုတ်လုပ်နိုင်ရန် ခန့်မှန်းခဲ့သည်။

နိုင်ငံတကာဈေးကွက်တွင် ဂျုံမှုန့်ဝယ်လိုအားမြင့်တက်နေမှုများကြောင့် ဘရာဇီးလ်နိုင်ငံတွင် ဂျုံမှုန့် ဈေးနှုန်းများ မြင့်တက်

ဈေးကွက်သို့ ဂျုံမှုန့်ဝင်ရောက်မှုကျဆင်းလျက်ရှိသည့်အပြင် နိုင်ငံများ၏ ဂျုံမှုန့်ဝယ် လိုအား မြင့်တက်နေမှုကြောင့် ဂျုံဈေးနှုန်းများမြင့်တက်လျက်ရှိရာ အကျိုးဆက်အနေဖြင့် ဘရာဇီးလ်ပြည်တွင်းဈေးကွက်တွင်လည်း ဂျုံမှုန့်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိနေ ကြောင်း၊ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလျက်ရှိနေပြီး ဘရာဇီးလ် နိုင်ငံငွေကြေး ဟဲရာတန်ဖိုးမှာ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း လယ်ယာထွက်ကုန် ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras က သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂၉၂,၅၀၀ တင်ပို့နိုင်ခဲ့ ကြောင်း စိုက်ပျိုးရေးဌာန(USDA)က ပြောကြား

၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံရှိ ပဲပုတ်စေ့တင်ပို့သူများမှ ပဲပုတ်စေ့ တန်ချိန် ၂၉၂,၅၀၀ တင်ပို့ခဲ့ကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် အမေရိကန်စိုက်ပျိုးရေးဌာန (Department of Agriculture – USDA) က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဧပြီလတတိယပတ်တွင် မက္ကစီကိုနိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၁၁၅,၃၀၀၊ တရုတ်နိုင်ငံ သို့ ပဲပုတ်စေ့တန်ချိန် ၆၂,၅၀၀၊ အီဂျစ်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၅၁,၉၀၀၊ ဆော်ဒီအာရေဗျနိုင်ငံ သို့ ပဲပုတ်စေ့တန်ချိန် ၂၉,၂၀၀ နှင့် ဂျပန်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၂၃,၀၀၀ တို့အား အသီးသီး တင်ပို့ခဲ့သည့်အပြင် အခြားနိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း စိုက်ပျိုးရေးဌာနကပြော ကြားခဲ့သည်။

၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရာသီချိန်အတွက် တရုတ်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၁၉၈,၀၀၀ နှင့် ပါကစ္စတန်နိုင်ငံသို့ ပဲပုတ်စေ့တန်ချိန် ၅၅,၀၀၀ အပါအဝင် ပဲပုတ်စေ့တန်ချိန်စုစုပေါင်း ၄၃၉,၀၀၀ ကိုလည်း ရောင်းချထားပြီးဖြစ်ကြောင်း၊ သင်္ဘောတင်ပြီးစီးမှုအနေဖြင့် ပဲပုတ်စေ့ တန်ချိန်စုစုပေါင်း ၃၄၀,၄၀၀ ရှိကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ ပြောင်းတင်ပို့မှု ၃၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း USDA ပြောကြား

၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံမှ ပြောင်းစေ့တန်ချိန် ၅၂၁,၃၀၀ တင်ပို့နိုင်ခဲ့ကြောင်း၊ ပြောင်းစေ့အဓိကဝယ်လက်များဖြစ်သည့် မက္ကဆီကိုနိုင်ငံသို့ ပြောင်းစေ့ တန်ချိန် ၂၉၆,၉၀၀၊ တောင်ကိုးရီးယားနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၁၁၇,၁၀၀၊ ဆော်ဒီအာရေဗျ နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၈၉,၂၀၀၊ ကိုလံဘီယာနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၇၁,၁၀၀ နှင့် အီဂျစ်နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၅၈,၂၀၀ တို့အား အသီးသီးတင်ပို့ခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနက ပြောကြားခဲ့သည်။

၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံရာသီအတွက် အမေရိကန်နိုင်ငံမှ ပြောင်းစေ့တန်ချိန် ၅၅၃,၄၀၀ အားလည်း ရောင်းချထားပြီးဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ အဓိကဝယ်လက်နိုင်ငံ သို့ ပြောင်းစေ့တန်ချိန် ၃၆၁,၄၀၀၊  ဂွါတီမာလာနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၁၃၆,၇၀၀၊ ပနားမား နိုင်ငံသို့ ပြောင်းစေ့ တန်ချိန် ၂၀,၄၀၀နှင့် မက္ကစီကိုနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၂၀,၃၀၀ အား ရောင်းချထားပြီးဖြစ်ကြောင်း၊ သင်္ဘောတင်ပြီးစီးမှုအနေဖြင့် ပြောင်းစေ့တန်ချိန် ၁.၉၁၅ သန်း ရှိကြောင်း၊ တရုတ်နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၅၆၁,၆၀၀၊ ဂျပန်နိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၃၉၉,၅၀၀၊ မက္ကစီကိုနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၂၈၇,၄၀၀၊ တောင်ကိုးရီးယားနိုင်ငံသို့ ပြောင်းစေ့ တန်ချိန် ၁၈၃,၈၀၀နှင့် ကိုလံဘီယာနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၉၄,၆၀၀ တို့အား အသီးသီး တင်ပို့ခဲ့ကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – canalrural.com.br

Loading