ပြည်ပသတင်းများ

၂၀၂၁ ခုနှစ်၊ မေလတွင် ပဲပုတ်စေ့တန်ချိန် ၁၂ သန်းမှ ၁၅.၃ သန်း အထိတင်ပို့နှိုင်ရန် မျှော်မှန်း ထားကြောင်း National Association of Cereal Exporters (Anec) က ပြောကြာခဲ့

၂၀၂၁ ခုနှစ်၊ မေလတွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ တင်ပို့မှုသည် တန်ချိန်  ၁၂ သန်းမှ ၁၅.၃၁၆ သန်းအထိ ရောက်ရှိနိုင်ကြောင်း နှံစားသီးနှံတင်ပို့သူများအသင်း (National Association of Cereal Exporters – ANEC)က အပတ်စဉ်ထုတ်ဝေသည့် သတင်းတွင်ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်ကာလတွင် ပဲပုတ်စေ့တန်ချိန် ၁၁.၉၆၅ သန်းအား တင်ပို့နိုင်ခဲ့ကြောင်း ပို့ကုန်အသင်း (ANEC)က ခန့်မှန်းပြောကြားထားသည်။ တင်ပို့ပြီးသောပဲပုတ်စေ့ပမာဏနှင့် ယခုလအတွင်း သင်္ဘောတင်ပို့ရန်အဆင်သင့်ဖြစ်နေသည့် ပဲပုတ်စေ့အခြေအနေများ အပေါ်မူ တည်၍ အသင်းက ခန့်မှန်းထားခြင်း ဖြစ်သည်။ ဧပြီလတွင် ဘရာဇီးလ်နိုင်ငံ၏ သင်္ဘောတင်ပို့မှု သည် ပဲပုတ်စေ့တန်ချိန် ၁၅.၆၇၄ သန်း ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခင်ရက်သတ္တပတ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့ဖြင့်ထုတ်လုပ်ထားသော စားသောက်ကုန်ပစ္စည်းတင်ပို့မှုသည် တန်ချိန် ၁.၈၀၅ သန်းရှိခဲ့ကြောင်း၊ မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ကာလအတွင်း ပဲပုတ်စေ့တန်ချိန် ၄.၁၃၈ သန်းနှင့် ပဲပုတ်စေ့ဖွဲနုတန်ချိန် ၄၇၈,၅၄၃ အား တင်ပို့သွားရန် စီမံဆောင်ရွက်ထားကြောင်း သတင်းတွင်ဖော်ပြထားသည်။ ဧပြီလတွင် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းစေ့တင်ပို့မှုသည် တန်ချိန် ၂၁,၉၉၁ ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြ ထားသည်။

သတင်းရင်းမြစ် – canalrural.com.br

Loading