ပြည်ပသတင်းများ

နည်းပညာအသုံးပြုခဲ့သဖြင့် ပဲပုတ်စေ့စိုက်ပျိုးရေးတွင် မြေ ဟက်တာ ၇၁ သန်းကျော် လျှော့ချနိုင်ခဲ့

ဘရာဇီးလ်နိုင်ငံတွင် မြေသုံးစွဲမှုလျှော့နည်းသက်သာစေသော စိုက်ပျိုးရေးနည်းပညာ ကို အသုံးပြုခဲ့သဖြင့် ပဲပုတ်စေ့စိုက်ပျိုးမြေဟက်တာ ၇၁ သန်းကျော်အထိ လျှော့ချစိုက်ပျိုးနိုင်ခဲ့ ကြောင်း Brazilian Agricultural Research Company(Embrapa)၏ လေ့လာတွေ့ရှိချက်အား သတင်းတွင် ဖော်ပြခဲ့သည်။ ဆန်းသစ်သောစိုက်ပျိုးရေးနည်းစနစ်ကြောင့် ကျေးငှက်တိရိစ္ဆာန် များရှင်သန်နေထိုင်သည့် မြေရိုင်းဟက်တာ ၁.၅၅ သန်းအား စိုက်ပျိုးမြေအဖြစ် ခုတ်ထွင်ပြုပြင် အသုံးပြုခြင်းမှ အကာအကွယ်ပေးနိုင်ခဲ့ပြီး ဝက်မွေးမြူရေးလုပ်ငန်းများတွင်လည်း မြေဟက်တာ ၁ သန်းအား လျှော့ချနိုင်ခဲ့ကြောင်း ၎င်းသုတေသနကုမ္ပဏီက သတင်းဌာနသို့ပြောကြားခဲ့သည်။

မြေသုံးစွဲမှုလျှော့ချရေးနည်းပညာသည် လက်ရှိမြေဧရိယာတွင် ပိုမိုတိုးတက်ထုတ်လုပ် နိုင်စေရန် ပေါင်းစည်းကုန်ထုတ်လုပ်မှုစနစ်ကို အသုံးပြုသည့်နည်းစနစ်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်အတွက် သစ်တောများခုတ်ထွင်ရှင်းလင်းခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အဆိုပါနည်းပညာသစ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တော များပုံမှန် ရှင်သန်ပေါက်ရောက်မှုအား ပေါင်းစည်းထားသည့်စနစ်(integrated crop-livestock-forest system – ILPF)ဖြစ်ပြီး စိုက်ပျိုးရေးအတွက်ထွန်ယက်ခြင်းနှင့် ဓာတ်မြေဩဇာသုံးစွဲရ ခြင်းတို့ကို ဆောင်ရွက် ရန်မလိုအပ်ဘဲ သဘာဝဇီဝမြေဩဇာများကိုအသုံးပြု၍ စိုက်ပျိုးနိုင်မည် ဖြစ်သည်။

ဘရာဇီးလ်နိုင်ငံတွင် မြေသုံးစွဲမှုလျှော့ချရေးနည်းစနစ်ကဲ့သို့သော ရေရှည်ဖွံ့ဖြိုးတိုး တက် စေမည့်စနစ်များနှင့် နည်းပညာများ အဆင်သင့်ရှိနေကြောင်း၊ ထို့ကြောင့် ဘရာဇီးလ်နိုင်ငံ ၏ အဓိကစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းများတွင် အဆိုပါနည်းစနစ်များကို မဟာဗျူဟာချမှတ် ကျင့်သုံးဆောင်ရွက်ရန် စဉ်စားသင့်ကြောင်း Embrapa ကုမ္ပဏီမှ စိုက်ပျိုးရေးပညာရှင် Samuel Roof က သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြေသုံးစွဲမှုလျှော့ချရေးနည်စနစ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် နေကြသည့် အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းအရွယ်အစားအားလုံးကို အကျိုး ဖြစ်ထွန်းစေသဖြင့် အလေးထားလုပ်ဆောင်သင့်သည့်နည်းစနစ်ဖြစ်ကြောင်း Embrapa ကုမ္ပဏီ ၏ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန ညွှန်ကြားရေးမှူးက သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခင်က စိုက်ပျိုးမြေဟက်တာ ၃၆.၉ သန်းမှ ပဲပုတ်စေ့တန်ချိန် ၁၂၀.၉ သန်းသာ ထွက်ရှိခဲ့သော်လည်း မြေသုံးစွဲမှုလျှော့ချရေးနည်းစနစ်ကို အသုံးပြုစိုက်ပျိုးခဲ့ရာ ၂၀၁၉-၂၀၂၀ ခုနှစ်ကာလ ရိတ်သိမ်းချိန်တွင် စိုက်ပျိုးမြေဟက်တာ ၆၅.၈ သန်းမှ ပဲပုတ်စေ့တန်ချိန် ၂၅၁ သန်း ထွက်ရှိခဲ့ကြောင်း၊ လတ်တလောကာလတွင် နည်းစနစ်သစ်ဖြင့်စိုက်ပျိုးထွက်ရှိသည့် ပဲပုတ်စေ့ ပမာဏကို  ၁၉၇၀ နှစ်များတွင် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက လက်ရှိပဲပုတ်စေ့ စိုက်ပျိုးမြေ ဧရိယာ၏ ၃ ဆခန့် အထိ စိုက်ပျိုးရမည်ဖြစ်ကြောင်း ၄င်းညွှန်ကြားရေးမှူးက သတင်းဌာနသို့ ပြောကြားခဲ့သည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွာရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

Loading