ပြည်ပသတင်းများ

တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ လက်ရှိနွေရာသီကာလ မှစ၍ အားလပ်ရက် ပြည်ပခရီးသွားလာခြင်းများ ပြန်လည် တိုးတက်လာနိုင်တော့မည်

သက်ဆိုင်ရာနိုင်ငံများနှင့် Travel Bubble Agreement များအရ တောင်ကိုရီးယားနိုင်ငံ၌ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများအား အဖွဲ့လိုက်ခရီးသွားခြင်း (Group Tour) များကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအစောပိုင်းခန့်မှစ၍ခွင့်ပြုရေး တောင်ကိုရီးယားအစိုးရမှ စီစဉ်ဆောင်ရွက်လျက်ရှိရာ၊ တောင် ကိုရီးယားနိုင်ငံ၏ ၂၀၂၁ ခုနှစ်၊ ယခုနွေရာသီကာလမှစ၍ ပြည်ပခရီးသွားလာမှုကဏ္ဍ ပြန်လည်ပွင့်လန်း တိုးတက်လာတော့မည်ဖြစ်ကြောင်း သတင်းများကရေးသားဖော်ပြလျက်ရှိပါသည်။

ဤ Travel Bubble အစီအစဉ်သည် ကာလရှည်ကြာနေသည့် COVID-19  ကူးစက်ရောဂါ ၏ရိုက်ခတ်မှုဒဏ်ကြောင့် အထိနာခဲ့ရသည့် လေကြောင်းကဏ္ဍနှင့် ခရီးသွားကဏ္ဍ ပြန်လည်နာလန် ထူတိုးတက်စေရေးကိုပံ့ပိုးနိုင်ရန် ရည်ရွယ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံအတွင်း COVID-19  ကာကွယ်ဆေးထိုးမှုသည် အရှိန်ရလာသည်နှင့်အမျှ ဤအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်ကြောင်း၊ တောင်ကိုရီးယားအစိုးရသည် စင်ကာပူနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားနှင့် Travel Bubble များ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားချက် အရသိရှိရပါသည်။ Travel Bubble ဆိုသည်မှာ COVID-19  ကူးစက်မှုနှုန်း တူညီသောနိုင်ငံနှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသော နိုင်ငံများအကြား Quarantine နေထိုင်ရန်မလိုဘဲ ခရီးသွားလာခွင့် ပြုမည့်အစီအစဉ်ဖြစ်ကြောင်း၊ Ministry of Interior and Safety (Korea) ၏ထုတ်ပြန်ကြေညာချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ဒုတိယပတ်ခန့်တွင် လူဉီးရေ (၁၀) သန်း (သို့မဟုတ်) နိုင်ငံ့လူဉီးရေ၏ (၂၀) ရာခိုင်နှုန်း ခန့်သည် ၎င်းတို့၏ COVID-19  ကာကွယ်ဆေး ပထမ အကြိမ်ထိုးခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်နိုင်မည် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

တောင်ကိုရီးယားအစိုးရ၏ အဆိုပါအစီအစဉ်နှင့်အညီ သက်ဆိုင်ရာလေကြောင်းလိုင်းများ နှင့် ခရီးသွားအေဂျင်စီများတို့သည်လည်း လေယာဉ်ခရီးစဉ်များ၊ ခရီးသွား Package အစီအစဉ်များကို လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြပြီဖြစ်ကြောင်း၊ Jeju Air အနေဖြင့် ခရီးသွားဝယ်လိုအား တိုးတက်လာမှုအခြေအနေအရ စပိန်နိုင်ငံသို့ခရီးစဉ်ကို (၈-၆-၂၀၂၁) ရက်နေ့တွင် ပြန်လည်ပျံသန်းပြေးဆွဲခဲ့ပြီး၊ Asiana လေကြောင်းလိုင်းအနေဖြင့် အလားတူ ခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်ကိုရီးယားအစိုး ရမှ ဉီးစားပေးအစီ အစဉ်အရ မထိုးဖြစ်၍ ပိုလျှံသည့် COVID-19 ကာကွယ်ဆေးများအား ပြည်သူ များသို့ ထိုးနှံခွင့်ပြုလိုက် သည့်အစီအစဉ်ကို စတင်ခဲ့ပြီးသည့်နောက် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ စ၍ ပြည်ပသို့ ခရီးသွား Booking ဆောင်ရွက်မှုသည် မေလ၊ ဒုတိယပတ်နှင့်နှိုင်းယှဉ်လျှင် (၄၄၂) ရာခိုင် နှုန်းခန့် တိုးတက်လာ ခဲ့သည်ဟု E-Commerce Platform တစ်ခုဖြစ်သည့် WeMakePrice ထံမှ သိရှိရပါသည်။အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် (၇) လကြာ ပိတ်ထားခဲ့ရသည့် ဆိုက်ရောက်အခွန်ကင်းလွတ်ဆိုင်များ (Arrival Duty-Free Shops) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ COVID-19 ကမ္ဘာ့ကူးစက်ကပ်ရောဂါသည် လေ ကြောင်းကဏ္ဍနှင့် ခရီးသွားလာမှုကဏ္ဍကို အပြင်းအထန်ထိုးနှက်ခဲ့ကြောင်း၊ ယခုကဲ့သို့ ပြည်ပခရီးစဉ် များ ပြန်လည်စတင်ခြင်းက ပြည်သူအများတောင်းတလျက်ရှိသော COVID-19 မတိုင်မီကာလ အခြေ အနေကို ပြန်လည်ရောက်ရှိတော့မည့်လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ဝန်ကြီးချုပ် Kim Boo-kyum က COVID-19 တုံ့ပြန်ရေးဆိုင်ရာ အစိုးရအစည်းအဝေးတစ်ရပ်၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြေယာ၊ အခြေခံအဆောက်အဉီနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့သည် စင်ကာပူနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ Guam ဒေသနှင့် စပိန်နိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံ/ နယ်မြေဒေသ အများအပြားသို့  Travel Bubble Agreement များဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိတွင် စင်ကာပူနိုင်ငံနှင့် Working-Level ဆွေးနွေးညှိနှိုင်းမှု ဆောင်ရွက်ဆဲဖြစ်ပြီး၊ အခြားနိုင်ငံများနှင့် ဆက်လက်ဆွေးနွေး နိုင်ရန်ဆောင်ရွက် လျက်ရှိကြောင်း၊ စင်ကာပူနိုင်ငံသည် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးကို အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ကာကွယ်ဆေးထိုးပြီးမှုအခြေအနေသည်လည်း (၄၀) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အပြန်အလှန်ယုံကြည်မှုအပေါ်အခြေခံ၍ Travel Bubble Agreement ကိုလက်မှတ်ရေးထိုးခြင်းသည် တောင်ကိုရီးယားနိုင်ငံအတွက် ပြည်သူ့ကျန်းမာရေး အကျပ်အတည်း နှင့်အတူ အောင်မြင်မှုကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်ကြောင်း သိရှိရပါသည်။

Travel Bubble သဘောတူညီချက်ရှိရာ ပြည်ပနိုင်ငံများသို့ Group Tour လိုက်ပါမည့်သူ များအနေဖြင့် မိမိနိုင်ငံမှ ခရီးမထွက်ခွာမီ (၃) ရက်အလိုတွင် COVID-19 ရောဂါကင်းရှင်းကြောင်း သက်သေခံလက်မှတ်ကို သက်ဆိုင်ရာသို့ တင်ပြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံသို့ ရောက်ရှိချိန် တွင် COVID-19 Test ထပ်မံစစ်ဆေးရမည်ဖြစ်ပြီး၊ ရောဂါကင်းရှင်းပါက Quarantine ကင်းလွတ်ခွင့် ပြု၍ Group Tour လည်ပတ်ခွင့်ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားများအနေဖြင့် နိုင်ငံနှစ်ခု အကြား တိုက်ရိုက်လေကြောင်းလိုင်းကိုသာ စီးနင်းခွင့်ရှိကြောင်း၊ ခွင့်ပြုနိုင်မည့် လေကြာင်းခရီးစဉ် အရေအတွက် နှင့်ခရီးသည်အရေအတွက်ကိုမူ ဆွေးနွေးဆဲဖြစ်ကြောင်း၊ တစ်ဉီးချင်း ခရီးသွားလာခြင်း (Individual Tour) အတွက်မူ ထိန်းချုပ်နိုင်ရေးခက်ခဲသဖြင့် လက်ရှိအခြေအနေတွင်  Group Tour များကိုသာ ခွင့်ပြုနိုင်ဉီး မည်ဖြစ်ကြောင်း  လေ့လာသိရှိရပါသည်။

သတင်းရင်းမြစ်- The Korea Times (10-6-2021)                                           

ဝင်းပပသူ၊ စီးပွားရေးသံမှူး

 ဆိုးလ်မြို့

Loading