ပြည်တွင်းသတင်းများ

International Fund for Agricultural Development (IFAD) မှ Country Strategic and Opportunities Programme (COSOP) နှင့် ပတ်သက်၍ Kick-off Meeting ပြုလုပ်ခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွန်းဝန်မှ ဦးဆောင်၍ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ၏ IFAD Country Director ဖြစ်သူ Mr. Alessandro Marini နှင့်အတူ COSOP နှင့် ပတ်သက်၍ (၁၀-၁၂-၂၀၂၀) ရက်နေ့ နံနက် (၁၀) နာရီတွင် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် COSOP (၂၀၁၄-၂၀၁၈) အစီအစဉ်အောက်မှ ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း (၃) ခု (FARM, ESAP, WSAP) နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ထပ်မံရေးဆွဲမည့် COSOP အသစ်တွင် ထည့်သွင်းရေးဆွဲလိုသည့် ကိစ္စရပ်များ၊ COSOP အသစ်ဖြင့် ဆောင်ရွက်မည့် အစီအစဉ်များတွင် ဦးစားပေးထည့်သွင်းလိုသည့် ကိစ္စရပ်များ၊ ရေးဆွဲမည့် COSOP အသစ်အား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ရန်ရှိသည့် Myanmar Economics Relief Recovery Plan (MERRP) နှင့် ကိုက်ညီစွာ ရေးဆွဲရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

Loading