ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ ဝက်သားဈေးကွက် ပြန်လည်ဦးမော့လာပြီး ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

ဘရာဇီးလ်နိုင်ငံ၏ ဝက်ဈေးကွက်သည် အလျင်အမြန်ပြန် လည်ဦးမော့လာခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ စီးပွားရေးသတင်းစာစောင်များတွင် ဖော်ပြခဲ့သည်။ ဝက်ဈေး ကွက်သည် ဧပြီလအစောပိုင်းရက်များမှစတင်၍ အရောင်းအဝယ်များ သိသိသာသာကောင်းမွန်ခဲ့ ကြောင်း၊ နိုင်ငံခြားပို့ကုန်အတွက် ကောင်းမွန်သော ခြေလှမ်းဖြစ်ကြောင်း လယ်ယာထွက်ကုန် ရောင်းဝယ်ရေးကုမ္ပဏီ Cepea/ Esalq မှ သုတေသနပညာရှင်က ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဘရာဇီးလ်နိုင်ငံမှ ဝက်သားတန်ချိန် ၉၆,၈၀၀ တင်ပို့ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ဖေဖော်ဝါရီလ၏ ဝက်သားတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၃၅.၄ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်ရေးဌာနခွဲ (Secretariat of Foreign Trade – Secex) ၏ စာရင်းများတွင် ဖော်ပြ ထားသည်။

ပြည်တွင်းဝက်ဈေးကွက်တွင် ဝက်ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ဆောင်ပိုလိုဈေး ကွက်တွင် ဝက်သားဈေးနှုန်းသည် ၉.၀၉ ရာခိုင်နှုန်းမှ ၁၃.၀၄ ရာခိုင်နှုန်းအထိ ဈေးနှုန်းများမြင့် တက်လျက်ရှိကာ ၁ ကီလိုလျှင် ဘရာဇီးလ်ဟဲရာ ၈.၀၀ မှ ၈.၆၇ (မြန်မာအစိုးရသတ်မှတ်ဈေး ဘရာဇီးလ် ၁ ဟဲရာလျှင် မြန်မာကျပ်ငွေ ၂၅၀ ကျပ်) အထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် ပေါ်လျက်ရှိသည်။

ဧပြီလ ၁၂ ရက်နေ့၏ ဝက်အရှင်ဈေးကွက်တွင် São Paulo ဈေးကွက်ပေါက်ဈေးသည် ၄.၉၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ပြီး ဝက်အရှင် ၁ ကီလိုလျင် ဘရာဇီးလ်ဟဲရာ ၆.၁၂ ဖြင့် လည်း ကောင်း၊ Minas Gerais ဈေးကွက်တွင် ၃.၆၆ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ပြီး  ဝက်အရှင် ၁ ကီလို လျှင် ဘရာဇီးလ်ဟဲရာ ၆.၂၃ ဖြင့်လည်းကောင်း၊ Paraná ဈေးကွက်တွင် ၂.၄၆ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ပြီး ဝက်အရှင် ၁ ကီလိုလျှင် ဘရာဇီးလ်ဟဲရာ ၅.၄၂ ဖြင့်လည်းကောင်း၊ Rio Grande do Sul ဈေးကွက်တွင် ၀.၇၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဝက်အရှင် ၁ ကီလိုလျှင် ဟဲရာ ၅.၈၈ ဖြင့်လည်းကောင်း၊ Santa Catarina ဈေးကွက်တွင် ၁.၆၃ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကာ ဝက်အရှင် ၁ ကီလိုလျှင် ၅.၆၂ ဖြင့်လည်းကောင်း အရောင်းအဝယ်များ ဖြစ်ပေါ်ခဲ့သည်။

ဘရာဇီးလ်နိုင်ငံမှ ဝက်သားများအား တရုတ်နိုင်ငံ၏ ဝယ်ယူတင်သွင်းမှုသည် ဆက်လက် မြင့်မားလျက်ရှိနေသဖြင့် ဝက်သားဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း လယ်ယာထွက် ကုန်ရောင်းဝယ်ရေးကုမ္ပဏီ SAFRAS & Mercado မှ သုတေသနပညာရှင် Fernando Iglesias က သတင်းဌာနသို့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဝက်သားတင်သွင်းမှုအပေါ်တွင် မှီခိုရလျက် ရှိနေကြောင်း၊ ဝက်အသား တိုးတက်ထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေသော်လည်း တရုတ်နိုင်ငံ ၏ စီးပွားရေးအင်အားထွားလာသည်နှင့်အမျှ အသားလိုအပ်ချက်မှာလည်း ပိုမိုတိုးတက်လျက်ရှိ ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့အတွင်း ဝက်သားတန်ချိန် ၂၉,၁၆၆,၀၇၉ တင်ပို့ခဲ့ရာ အမေရိကန် ဒေါ်လာ ၇၃,၇၅၂,၀၅၅ ဝင်ငွေရရှိခဲ့ပြီး တစ်ရက်လျှင် ဝက်သားတင်ပို့မှုမှ ပျမ်းမျှတန်ဖိုးအမေရိကန်ဒေါ်လာ ၁၂,၂၉၂,၀၀၉ ဝင်ငွေရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ လလုံးတင်ပို့မှုမှ ရရှိခဲ့သည့်ဝင်ငွေပမာဏ၏ ၄၈ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ လအတွင်း ဝက်သားတန်ချိန် ၆၂,၉၀၀,၀၄၅ တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅၃,၉၆၄,၁၂၃ ရရှိခဲ့ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက် နေ့အတွင်း တင်ပို့ခဲ့သည့် ဝက်သား ၁ တန်လျှင် ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၂၈.၆၉၂ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃.၃၁ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

 သတင်းရင်းမြစ် – noticiasagricolas.com.br

Loading