ပြည်ပသတင်းများ

သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်သည့်ထုတ်ကုန်များ အဓိက တင်သွင်းသည့် နိုင်ငံများတွင် ဘယ်လ်ဂျီယံနိုင်ငံ ပါဝင်ခဲ့ခြင်း

World Wide Fund for Nature (WWF) ၏ အစီရင်ခံစာအရ သစ်တောပြုန်းတီးမှု ဖြစ်စေ နိုင်သည့်ထုတ်ကုန်များတင်သွင်းမှု၌ အီးယူသည် တရုတ်နိုင်ငံ၏နောက်တွင် ဒုတိယ အများဆုံး တင်သွင်းသူအဖြစ် ရပ်တည်နေပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသည် အဆိုပါထုတ်ကုန်များ ကို အဓိက တင်သွင်းသည့် ဥရောပနိုင်ငံ (၈) နိုင်ငံတွင် ပါဝင်ခဲ့ကြောင်းသိရသည်။

၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တင်သွင်းခဲ့သည့် ထုတ်ကုန်များမှ တစ်ဆင့် သစ်တော ပြုန်းတီးမှု ဟက်တာပေါင်း (၃.၅) သန်းခန့်အတွက် အီးယူက တာဝန်ရှိခဲ့သည်ဟု  WWF ၏ အစီရင်ခံစာက ဖော်ပြသည်။ အဆိုပါနှုန်းထားသည် အစီရင်ခံစာမှ ဖော်ပြသည့် ကာလအတွင်း ကျဆင်းခဲ့သော်လည်း အီးယူအနေဖြင့် သစ်တောပြုန်းတီးမှုအားလုံး၏ (၁၆) ရာခိုင်နှုန်းကို ကိုယ်စားပြုနေဆဲဖြစ်ပြီး၊ တရုတ်နိုင်ငံ (၂၄ ရာခိုင်နှုန်း) ၏နောက် ဒုတိယ နေရာ၌ရှိနေခြင်းဖြစ် သည်ဟု သိရသည်။

သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်သည့် အဓိကထုတ်ကုန်များမှာ ပဲပုပ်စေ့၊ ဆီအုန်း၊ အမဲသား၊ သစ်တောထွက်ကုန်များ၊ cocoa (ကိုကိုး) နှင့် ကော်ဖီတို့ဖြစ်ကြသည်။ WWF ၏ အစီရင်ခံစာအရ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ပိုလန်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့သည် အီးယူမှ သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်ထုတ်ကုန်များ တင်သွင်းမှု၏ (၈၀) ရာခိုင်နှုန်းခန့်ကို စုပေါင်းကိုယ်စားပြုထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ဥရောပပါလီမန်သည် သစ်တောပြုန်းတီးမှုပြဿနာ ဖြေရှင်းရေး ဥရောပ ကော်မရှင်အားတောင်းဆိုသည့် Resolution တစ်ရပ်ကိုချမှတ်ခဲ့ပြီး၊ ကော်မရှင်အနေဖြင့် သစ်တောပြုန်းတီးမှုတိုက်ဖျက်ရေးအတွက် ဥပဒေသစ်ပြဌာန်းမည့် အဆိုပြုချက်ကို တင်သွင်းရ မည်ဖြစ်ပါသည်။

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘယ်လဂျီယံနိုင်ငံ

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

Loading