ပြည်ပသတင်းများ

စီးပွားရေး အစီအစဉ်များအတွက် အပိုဆောင်းထောက်ပံ့မှုများ ပေးမည်

ဩစတြေးလျနိုင်ငံအစိုးရသည် ဩစတြေးလျနိုင်ငံ၏ စီးပွားရေး လုပ်ငန်းအစီအစဉ်များ အတွက် အပိုဆောင်းထောက်ပံ့မှုများ ပေးနိုင်ရန် လိုအပ်သောဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ် ကြောင်း ၁၅-၄-၂၀၂၁ရက်နေ့က ကြေညာလိုက်ပါသည်။ အပိုဆောင်းထောက်ပံ့မှုအစီအစဉ်အရ ဩစတြေးလျနိုင်ငံတွင် နိုင်ငံတကာအစီအစဉ်များကို ဆွဲဆောင်နိုင်ရေးအတွက် နောက်ထပ် ၁၂ လ အထိ သက်တမ်းတိုးမည့် Business Events Bid Fund အစီအစဉ်အတွက် အေဒေါ်လာ ၃ သန်းကိုထပ်မံပေးအပ်မည်ဖြစ်ပြီး၊ စက်မှုလုပ်ငန်းဦးဆောင်သည့် စီးပွားရေးအစီအစဉ်များဖြစ်သည့် ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အထောက်အကူပြုလျက်ရှိသော ပြည်တွင်းရှိ စီးပွားရေး အစီအစဉ်များမြှင့်တင်မည့် အစီအစဉ်အတွက် အေဒေါ်လာ ၁ သန်းကို ထပ်မံပေးအပ် မည်ဖြစ်ပါသည်။

ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ကိုဗစ်-၁၉ ကာလမတိုင်မီက စီးပွားရေးအစီအစဉ်ကဏ္ဍသည် ဩစတြေးလျစီးပွားရေးကို       အေဒေါ်လာ ၃၆ ဘီလီယံအထိ အကျိုးပြုနိုင်ခဲ့ကြောင်း၊ Business Events Bid Fund စတင် ခဲ့သည့်၂၀၁၈ခုနှစ်မှစတင်၍ စီးပွားရေးတန်ဖိုး အေဒေါ်လာ ၄၁၁ သန်းရှိ နိုင်ငံတကာအစီအစဉ် များကို ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း၊ ဩစတြေးလျနိုင်ငံ၏ ကိုဗစ်-၁၉အပေါ် ကျန်းမာရေးနှင့် စီးပွား ရေးဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ရာ ခရီးသွားလုပ်ငန်းပြန် လည် သက်ဝင်လာသည်နှင့်တပြိုင်နက် နိုင်ငံတကာအစီအစဉ်များကို ဆွဲဆောင်နိုင်မည့် နေရာ ဖြစ်လာမည်ဖြစ်ကြောင်း၊ အစီအစဉ်တစ်စိတ်တစ်ဒေသအနေဖြင့် နိုင်ငံတကာအစီ အစဉ်များပိုမို ရရှိစေရန် ဩစတြေးလျနိုင်ငံ၏ တီထွင်ဆန်းသစ်မှုများကို မြောက်အမေရိက၊ ယူကေနှင့် ဥရောပ တို့ရှိပွဲစီစဉ်သူများကို ပြသမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအစီအစဉ်များ ဩစတြေးလျသို့ လာရောက်ကျင်းပနိုင်ရေးအတွက် ဆွဲဆောင်ရန် Business Events Grant Program အတွက် အေဒေါ်လာ သန်း ၅၀ ကို ထပ်မံဖြည့်စွက်ပေးမည်ဖြစ်ပြီး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများက ပြည်တွင်းရှိ စီးပွားရေးအစီအစဉ်များ၊ ညီလာခံများ၊ ကုန်စည်ပြပွဲများ တက်ရောက်နိုင်ရန်နှင့် ပြည်တွင်းခရီးသွားလာရေးလုပ်ငန်းတွင် သုံးစွဲရန်လေကြောင်းနှင့် ခရီးသွားလာရေးအတွက် အေ ဒေါ်လာ၁.၂ ဘီလီယံကို ထပ်မံဖြည့်စွက်ပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ ဩစတြေးလျ နိုင်ငံသို့ စီးပွားရေးအစီအစဉ်များ လာရောက်တက်ရောက်ကြရာတွင် ဟိုတယ်ခန်းများငှားရမ်း ခြင်း၊ ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များတွင် ဝယ်ယူစားသောက်ခြင်း၊ ဈေးဆိုင်များနှင့်ဆွဲ ဆောင်နိုင်သည့် ခရီးသွားအပန်းဖြေနေရာများသို့ သွားရောက်လည်ပတ်ကြခြင်းတို့ကြောင့် စီးပွားရေးအသိုင်းအဝန်းနှင့် လူမှုအဖွဲ့အစည်းများအတွက် သတင်းကောင်းဖြစ်ပါကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

 ကင်ဘာရာမြို့

Loading