ပြည်ပသတင်းများ

တရုတ်နိုင်ငံ တောင်ပိုင်းဒေသသို့ လာရောက်ခဲ့သည့် တရုတ်သမ္မတ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဗဟိုတပ်မတော်ကော်မရှင်၏ ဥက္ကဌဖြစ်သူ တရုတ်နိုင်ငံ၏သမ္မတ မစ္စတာရှီကျင့်ဖျင်သည် ဧပြီလ (၂၅) ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ လာရောက်ခဲ့ပါသည်။

နံနက်ပိုင်းတွင် သမ္မတရှီက ကွေ့လင်၏မြို့တော် ကွမ်ကျိုးစီရင်စုရှိ ခိုင်ဝမ်မြို့ငယ် လေးသို့ သွားရောက်ခဲ့ကာ (၁၉၃၀) ကာလအတွင်း ကျဆုံးခဲ့သည့် တော်လှန်ရေး အာဇာနည်များ အား အောက်မေ့ဖွယ်ခန်းမဆောင်သို့ သွားရောက်ဂါရဝပြုခဲ့ပါသည်။ ၄င်းနောက် Maozhushan ကျေးရွာသို့ သွားရောက်၍ ကျေးလက်အဓွန့်ရှည်ရေး မြှင့်တင်ဆောင်ရွက်ရေးနှင့် အောက်ခြေ အဆင့် စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ပါသည်။

၄င်းနေ့ နေ့လယ်ပိုင်း၌ တရုတ်သမ္မတသည် လီကျန်းမြစ်တစ်နေရာသို့ သွားရောက် လည်ပတ်ခဲ့ကာ မြစ်ကြောင်း၏ ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ဒေသ၏ အားထုတ်ကြိုးပမ်းမှု များကို လေ့လာခဲ့သည်ဟု သိရပါသည်။

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

ရင်းမြစ်၊ Xinhua (၂၆-၄-၂၀၂၁)

Loading