ပြည်ပသတင်းများ

ယခုနှစ် ပထမ(၃)လအတွင်း ပြည်နယ်အစိုးရငွေတိုက်စာချုပ် ယွမ်ငွေ (၈၉၅.၁)ဘီလီယံဖိုးအား ထုတ်ရောင်းခဲ့သည့် တရုတ်နိုင်ငံ

ယခုနှစ် ပထမ(၃) လအတွင်း တရုတ်ပြည်နယ်အစိုးရများမှ ယွမ်ငွေ (၈၉၅.၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၇.၈၅ ဘီလီယံ) တန်ဖိုးရှိ ငွေတိုက်စာချုပ်များ ထုတ်ရောင်းခဲ့ကြောင်း၊  အထွေထွေငွေတိုက် စာချုပ်ယွမ်ငွေ(၅၂၁) ဘီလီယံဖိုးနှင့် အထူးငွေတိုက်စာချုပ် ယွမ်ငွေ (၃၇၄.၁) ဘီလီယံဖိုး ထုတ်ရောင်းခဲ့ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော တရားဝင်စာရင်းများမှ တွေ့ရပါသည်။

မတ်လတစ်လတည်းမှာပင် အထူးငွေတိုက်စာချုပ် ယွမ်ငွေ (၁၉၈.၃)ဘီလီယံ ထုတ် ရောင်းခဲ့ကာ၊ ပြည်နယ်အစိုးရ ငွေတိုက်စာချုပ်တန်ဖိုး ယွမ်ငွေ (၄၇၇.၁)ဘီလီယံသို့ ရောက်ရှိခဲ့ပါ သည်။

ထုတ်ရောင်းခဲ့သည့်ပြည်နယ်အစိုးရ ငွေတိုက်စာချုပ်များ၏ ပျမ်းမျှကာလမှာ (၇.၇) နှစ် ဖြစ်ကာ၊ ပျမ်းမျှအတိုးနှုန်းမှာ (၃.၄၄) ရာခိုင်နှုန်းဖြစ်ပါသည်။

မတ်လကုန်တွင် တရုတ်နိုင်ငံရှိ ပြည်နယ်အစိုးရ တင်နေသည့်ကြွေးမြီများမှာ ယွမ်ငွေ (၂၆.၂) ထရီလီယံဝန်းကျင်ခန့်ဖြစ်ကာ၊ ယခုနှစ်အတွက် တရားဝင်သတ်မှတ်ထားသည့် ပမာဏ ဖြစ်သော ယွမ်ငွေ (၃၃.၂၈) ထရီလီယံအတွင်း ရှိနေဆဲဖြစ်သည်ကို တွေ့ရပါသည်။

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

ရင်းမြစ်၊ Xinhua (၂၅-၄-၂၀၂၁)

Loading