ပြည်တွင်းသတင်းများ

(၅-၅-၂၀၂၁) ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် ရုံးအမှတ် (၁၅)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် “Pulses Value Chain Roadmap Coordination Meeting” ကျင်းပသည့် သတင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း ဦးစီးဌာနမှ ဦးဆောင် ကျင်းပသည့် “Pulses Value Chain Roadmap Coordination Meeting” ကို (၅-၅-၂၀၂၁) ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် ရုံးအမှတ် (၁၅)၊ စုဝေးဆောင်ခန်းမ၌ ကျင်းပခဲ့ပါသည်။

IFAD ၏ ငွေကြေးအထောက်အပံ့ဖြင့် IFPRI မှ ပူးပေါင်းပါဝင်ကာ SEARCA နှင့် စီမံကိန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အာဆီယံဒေသ အတွင်း လယ်ယာကဏ္ဍပြောင်းလဲတိုးတက်ရေးနှင့် စျေးကွက်ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း (Project on Agricultural Transformation and Market Integration in the ASEAN Region _ ATMI-ASEAN) အရ Phase I ကို မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(Center for Economic and Social Development – CESD) မှ Pulses Value Chain ကို ဆောင်ရွက်ခဲ့ပြီး Phase II အနေဖြင့်  မြန်မာနိုင်ငံအတွက် ပဲမျိုးစုံ တန်ဘိုး ကွင်းဆက် လမ်းပြမြေပုံရေးဆွဲရန်အတွက် ပဲအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် တိုင်း ဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များထံမှ အကြံဉာဏ် များရယူရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအတွက် ပဲမျိုးစုံ တန်ဘိုးကွင်းဆက် လမ်းပြမြေပုံ ရေးဆွဲရန်အတွက် ဖွဲ့စည်းထားသည့် National Road mapping Team မှ Expert များ နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်းဦစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသန္တာကြည်က “Brief Presentation on Assessing Transformation and Integration of Pulses Sector in Myanmar; Value Chain Study of Pulses Exporting to India by CESD” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာ ခင်မာလေးက “Draft Outline for National Pulses Roadmap” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Agribusiness Value Chain Expert ဖြစ်သူ ဒေါက်တာတင်ထွဋ်က “Priority Setting for Pulses Value Chain Roadmap” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Industry Expert ဖြစ်သူ ဦးစိုးဝင်းမောင်က “Pulses Value Chain: Overview, characterization and assessment of the value chain” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Commodity Expert ဖြစ်သူ ဦးမျိုးသူက “Strategies and Action Program” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေးကြ၍ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ညှိနှိုင်း အစည်းအဝေးကို ညနေ (၃ : ၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading