ပြည်ပသတင်းများ

ဂျာမနီနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍ

ဂျာမနီနိုင်ငံသည် အီးယူနိုင်ငံများအနက် စားသောက်ကုန်နှင့် အဖျော်ယမကာစျေးကွက် အကြီးမားဆုံးဖြစ်ပြီး အဓိက ထုတ်လုပ်သူလည်းဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံပြီး လျှင် ကမ္ဘာပေါ်တွင် တတိယအများဆုံးစားသောက်ကုန် တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် တွင်စားသောက်ကုန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၀၇.၄ ဘီလီယံ ရှိခဲ့သည်။ အဆိုပါ တင်သွင်းမှု၏ ၇၉ ရာခိုင်နှုန်းသည် အီးယူအဖွဲ့ဝင်နိုင်ငံများမှဖြစ်ပြီး အီးယူပြင်ပနိုင်ငံများအနက် အမေရိကန်နိုင်ငံမှ အများဆုံးတင်သွင်းပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ ဘိုး တင်သွင်းခဲ့သည်။

ဂျာမနီတစ်နိုင်ငံလုံးတွင် စားသောက်ကုန်ထုတ်လုပ်ငန်း(Food Processing Industry) လုပ်ကိုင်သည့် ကုမ္ပဏီစုစုပေါင်း(၆,၁၁၉)ခုရှိပြီး ဝန်ထမ်းဦးရေ (၆၀၈,၅၅၃) ဦး ရှိသည်။ အများစု မှာ SMEs လုပ်ငန်းများဖြစ်ကြပြီး ၉၂ ရာခိုင်နှုန်းကျော်သည် လုပ်သားဦးရေ (၂၅၀) အောက်တွင် ဖြစ်ကြသည်။ ၂၀၁၈ ခုနှစ်တွင် ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများမှ ရောင်းရဝင်ငွေ အမေ ရိကန်ဒေါ်လာ ၂၁၂ ဘီလီယံရှိခဲ့ပြီး ဂျီဒီပီ၏ ၅.၅၈ ရာခိုင်နှုန်းရှိခဲ့သည်။ အများစုမှာ အသား၊ နို့ထွက်ပစ္စည်း၊ ကိတ်နှင့် မုန့်မျိုးစုံ၊ အဖျော်ယမကာလုပ်ငန်းများဖြစ်ကြသည်။

စားသောက်ကုန်ဈေးကွက်မောင်းနှင်အားနှင့် စားသုံးမှုအလားအလာများကို အောက်ပါ အတိုင်း တွေ့ရှိရပါသည်-

(က)  စားသောက်ကုန်ဈေးကွက်တွင် Fair trade ဖြစ်မှုနှင့် အော်ဂဲနစ်ထုတ်ကုန်များ ပိုမို အရေးပါ လာပြီး အော်ဂဲနစ်တင်ပို့သူများအတွက် အလားအလာကောင်းမွန်နေပါသည်။ ဂျာမနီနိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် အော်ဂဲနစ်ဈေးကွက်တွင် ကမ္ဘာ့ ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်သည်။

(ခ) အသက်အရွယ်ကြီးသော လူဦးရေများလာမှုနှင့် ကျန်းမာရေးအသိပညာ မြင့်မားမှုတို့က ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကို ဝယ်ယူသုံးစွဲမှုပိုမိုမြင့်တက်လာစေပါသည်။

(ဂ) လူနေမှုအဆင့်မြင့်မားလာမှုနှင့် single households များ တိုးမြင့်လာမှုတို့က အသင့်စား အစားအသောက်များကို ဝယ်ယူသုံးစွဲမှု ပိုမိုမြင့်တက်လာစေပါသည်။

(ဃ) Ethnic foods, beauty and super foods, clean label foods နှင့် gluten သို့မဟုတ် lactose မပါဝင်သော အစားအစာများ၊ ပြည်တွင်း ထုတ်စားသောက်ကုန်များသည် ဂျာမန်စားသုံး သူများအတွက် ပိုမိုဆွဲဆောင်နိုင်သော အစားအစာများ ဖြစ်လာမည့် အလားအလာရှိပါသည်။

(င) နေထိုင်မှုပုံစံအသစ်တစ်မျိုးအနေဖြင့် ကြက်ဥ၊ အသီးအရွက်များကိုသာ စားသောက်သည့် စားသုံးသူများ တိုးလာနေပါသည်။

(စ) စားသောက်ကုန်များ၏ နောက်ကြောင်းပြန်ခြေရာခံခြင်း (traceability) နှင့် ထုတ်လုပ်မှု နည်းလမ်းဆိုင်ရာ အချက်အလက်များကို လိုအပ်သည့် စားသုံးသူများ တိုးလာနေပါသည်။

(ဆ) ကိုဗစ်ကပ်ရောဂါ lock-down ကာလအတွင်း စားသုံးသူများ၏ ၃၀ ရာခိုင်နှုန်းသည် ယခင် ကထက် အိမ်တွင်ချက်ပြုတ်စားသောက်လာကြောင်း လေ့လာမှုမှတ်တမ်းများမှ ထုတ်ပြန်ပါသည်။

လက်လီစားသောက်ကုန်လုပ်ငန်း(Food Retail Industry) များသည် ဂျာမနီနိုင်ငံ အနှံ့ အပြားတွင် တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်မှုပြင်းထန်စွာရှိနေကြပြီး ဂျာမန်စားသုံးသူများသည်လည်း စျေးနှုန်းကွာဟမှုကို များစွာသတိပြုဝေဖန်စောင့်ကြည့်ကြသူများဖြစ်သည်။ ဈေးနှုန်းမြင့်မား သော ပရီမီယံ စားသောက်ကုန်များကို ဝယ်ယူလိုသူများလည်း များပြားလာပါသည်။ ဤကဏ္ဍ၏ ရောင်းရငွေ စုစုပေါင်း ၇၀ ရာခိုင်နှုန်းကို ထိပ်ပိုင်းလက်လီအရောင်းလုပ်ငန်း အုပ်စုကြီး (၄) ခု ခန့်ကရယူထားပြီး အချို့အွန်လိုင်းစားသောက်ကုန်လုပ်ငန်းများလည်း ကိုဗစ်ကပ်ရောဂါကာလ အတွင်း နေရာယူလာကြသည်။ ထိပ်ပိုင်းလက်လီအရောင်းလုပ်ငန်း အုပ်စုကြီးများအနေဖြင့် Edeka-Group၊ Rewe-Group၊ Schwarz-Group၊ Aldi-Group၊ Metro-Group၊ Lekkerland (Wholesaler) တို့ဖြစ်ကြပြီး dm နှင့် Rossmann တို့မှာ retail chain အနေနှင့် cosmetics, healthcare items, household products နှင့် health food တို့ကို အဓိကရောင်းချသည့် လုပ်ငန်းများဖြစ်ကြသည်။

၂၀၀၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း လက်လီစားသောက်ကုန်လုပ်ငန်းများ၏ အရောင်း ဝင်ငွေများမှာ ၂၀၁၅ ခုနှစ်တွင် အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီးနောက် ကျဆင်းခဲ့ပြီး ယခုအခါ ရောင်း ရငွေများ ပြန်လည်မြင့်တက်လာကြောင်း အောက်ပါအတိုင်း တွေ့ရှိရပါသည်-

Revenues in Food Retail sector in Germany from 2009 to 2020 (in billion euros)

ဂျာမနီနိုင်ငံသို့ တင်သွင်းသော စားသောက်ကုန်ပစ္စည်းများအတွက် အီးယူနှင့်ဂျာမနီ နိုင်ငံတို့မှ သတ်မှတ်ထားသောစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။ အီးယူကော်မရှင်မှ စားသောက်ကုန်သန့်ရှင်းမှုနှင့် ထိန်းချုပ်မှုအစီအစဉ်များအတွက် လိုက်နာရမည့် လမ်းညွှန်စာအုပ် (“Guidance document – Key questions related to import requirements and the new rules on food hygiene and official food controls”) ကို ထုတ်ပြန်ထားပြီး https://ec.europa.eu/food/sites/food/files/safety/docs/ia_ic_ guidance import-requirements.pdf တွင် ရယူနိုင်ပါသည်။

သီတာဝင်းဌေး၊ စီးပွားရေးသံမှူး

 ဘာလင်မြို့

Source- https://fas-europe.org

 -Report for Retail Foods, USDA, June 29 2020

 -https://ec.europa.eu/food/sites/food/files/safety/docs/ia_ic_guidance_    import-   requirements.pdf

Loading