ပြည်ပသတင်းများ

CONSUMER GOODS DIGITAL DAY

ဂျာမနီနိုင်ငံဖရန့်ဖတ်မြို့တွင် နှစ်စဉ် ဖေဖော်ဝါရီလတိုင်း ကျင်းပလေ့ရှိသည့် လူသုံး အိမ်သုံးကုန်ပစ္စည်းပြပွဲကို ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်တွင် CONSUMER GOODS DIGITAL DAY အဖြစ် ၂၀၂၁ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် Messe Frankfurt မှ ကြီးမှူး၍ ပြောင်းလဲကျင်းပခဲ့ပါသည်။ DIGITAL DAY ပထမပိုင်းအစီအစဉ်ကို နေ့လည် ၁၄.၃၀နာရီမှ ၁၈.၄၅ နာရီအထိ လည်းကောင်း၊ ဒုတိယပိုင်းအစီအစဉ်ကို ညနေ၁၈.၄၅ နာရီမှ ည ၀၀.၃၀နာရီ အထိလည်းကောင်း ကျင်းပခဲ့ပါသည်။ ပြပွဲအတွက် DIGITAL DAY ဝက်ဘ်ဆိုက် တွင် Registration ပြုလုပ်၍ လက်မှတ်ရယူကာ ပြပွဲ၏ Digital Platform တွင် ပြပွဲအစီအစဉ်၊ တက်ရောက်မည့်သူများ၊ ဆွေးနွေးပြောကြားမည့်သူများ၏ အချက်အလက်များစသည်တို့ကို ရယူနိုင် ပါသည်။ ထို့ပြင်တက်ရောက်သူအနေနှင့် အခြားတက်ရောက်မည့်သူများနှင့်အွန်လိုင်း ဆွေးနွေးမှုပြုလုပ်ရန်ကြိုတင်ရယူခြင်းကိုလည်း ပြုလုပ်နိုင်ပြီး Nextrade B2B Market တွင် ဝင်ရောက်လေ့လာခြင်း၊ကုန်ပစ္စည်းပြသခြင်း၊ အမှာစာမှာယူခြင်းတို့ကိုလည်းပြုလုပ်နိုင်ပါသည်။

ပထမပိုင်းအစီအစဉ်အရ Messe Frankfurt GmbH မှ Mgmt Board အဖွဲ့ဝင်တစ်ဦးဖြစ် သူ Mr. Detlef Braun က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။  ဆက်လက်၍

Messe Frankfurt မှ ဦးဆောင်၍ European DIY-Retail-Association, IFH Köln GmbH,  Handelsverband Deutschland တို့မှ ပညာရှင်များ၊ လုပ်ငန်းရှင်များက Social Commerce and Marketing, Market Development in Assortment Procurement, Changing Consumer Behavior and Significance for Retail Sector, Home Improvement Retailing Post Covid 19 တို့နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဒုတိယပိုင်းအစီအစဉ်တွင် Messe Frankfurt GmbH မှ Group Show Director ဖြစ်သူ Julia Uherek က ပြန်လည်ကြိုဆိုနှုတ်ခွန်းဆက်ပြီး tzn Digital Ventures GmbH, Handelsverband Hessen e.V., Brandlands GmbH, Retail Academy စသည့် အဖွဲ့အစည်းများက  Trading on Platforms, How to create a Sales boosting Online Store, Understanding Social Media Content, An Introduction to Selling via Social Media, AMBIENTE Trends 2021, Connecting The Dots Between Consumer Needs and Future Products စသည်တို့ကို တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်ဆွေးနွေးပွဲများဖြင့် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ ပါသည်။

CONSUMER GOODS DIGITAL DAY သည် အွန်လိုင်းကုန်ပစ္စည်း ရောင်းဝယ်မှု များအတွက်လုပ်ငန်းရှင်များ၊ လေ့လာသူများ၊ စားသုံးသူများတွေ့ဆုံ၍ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ကြပြီး ဒစ်ဂျစ်တယ်နည်းပညာများ ပိုမိုအဆင့်မြင့်စွာ အသုံးပြုလာစေရေးအတွက် အကျိုး ရှိသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

 သီတာဝင်းဌေး၊စီးပွားရေးသံမှူး

 ဘာလင်

 Source – https://consumergoodsdigitalday.messefrankfurt.com/frankfurt/en.html

Loading