ပြည်ပသတင်းများ

Phytosanitary Agreement ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်ရမည့် အဖွဲ့အစည်းများနှင့် လိုအပ်သော ဆောင်ရွက်မှုများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့နှင့် ၂၄ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး အစည်း အဝေးလမ်းညွှန်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် Phytosanitary Agreement ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်ရမည့်  အဖွဲ့အစည်းများနှင့် လို အပ်သော ဆောင်ရွက်မှုများအား ဖော်ပြခြင်းဖြစ်ပါသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်းသို့ တင်သွင်းလိုသည့် ကုန်စည်များအပေါ် ဘေးအန္တရာယ်စစ်ဆေး အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက် ရသည့် အာဏာပိုင်အဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ် ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China – GACC) ဖြစ် ပါသည်။

တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China – GACC) အနေဖြင့် တရုတ်နိုင်ငံအတွင်းသို့ လယ်ယာထွက်ကုန်ပစ္စည်းများ (အချောသတ်ထုတ်လုပ်ထားသည့် လယ်ယာထွက်ကုန်ပစ္စည်း များ  (deep – processed agricultural products (foodstuffs) များမပါ၊ တင်သွင်းနိုင်ရန် အတွက် ဘေးအန္တရာယ် ကင်းရှင်းရေးစစ်ဆေးသည့်လုပ်ငန်းများ (China Access Procedures for Inspection and Quarantine of the Agricultural Products by General Administration of Customs of China – GACC) မှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က) သက်ဆိုင်ရာနိုင်ငံ (သို့) ဒေသ၏ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စောင့်ကြည့်စစ်ဆေးသည့် အာဏာပိုင်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့လိုသည့် ကုန်စည် အမျိုးအမည်၊ အမျိုးအစားနှင့် အသုံးပြုပုံများအား ပြည်စုံစွာဖော်ပြလျက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ( General Administration of Customs of China – GACC) ထံသို့ တရားဝင်စာဖြင့် ပေးပို့၍ စတင်လျှောက်ထားရမည် ဖြစ်ပါသည်။

(ခ) အဆိုပါလျှောက်ထားမှုကို လက်ခံရရှိသည့်အခါ GACC သည် လျှောက်ထားလာ သည့်နိုင်ငံ (သို့မဟုတ်) ဒေသထံသို့ သက်ဆိုင်ရာကုန်စည်များအလိုက် တင်သွင်းမှုဆိုင်ရာ ဘေးအန္တရာယ်စစ်ဆေးခြင်း (Import Risk Analysis – IRA) အချက်အလက်များ ဖြေကြားရန်မေးခွန်းလွှာများ ပေးပို့သွားမည်ဖြစ်ပါသည်။

(ဂ) အဆိုပါမေးခွန်းလွှာများအပေါ် ဖြေကြားမှုများလက်ခံရရှိသည့်အခါ GACC အနေ ဖြင့် သက်ဆိုင်ရာကျွမ်းကျင်သူများမှ အဆိုပါ ကုန်စည်များအပေါ်တင်သွင်းမှု ဘေးအန္တရာယ် စစ်ဆေးခြင်း (Import Rick Analysis – IRA) လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (လုပ်ငန်းစဉ်များဆောင်ရွက်နေစဉ်အတွင်း အချက်အလက်များ ထပ်မံလိုအပ်ပါက GACC မှ သက်ဆိုင်ရာနိုင်ငံ (သို့မဟုတ်) ဒေသထံသို့ တောင်းခံ၍ ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ရရှိသည့်အချက်အလက်များအပေါ် လေ့လာဆန်းစစ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက် ပြီးစီးသည့်အခါ GACC သည် ကျွမ်းကျင်သူအဖွဲ့အား ကုန်စည်တင်ပို့လိုသည့်နိုင်ငံ (သို့မဟုတ်) ဒေသသို့ စေလွှတ်၍ ကွင်းဆင်းလေ့လာအကဲဖြတ်မှုများ ဆောင်ရွက်စေမည် ဖြစ်ပါသည်။)

(ဃ) တင်သွင်းမှုဆိုင်ရာ ဘေးအန္တရာယ်စစ်ဆေးခြင်း (Import Risk Analysis – IRA) လုပ်ငန်းစဉ်များ ပြီးဆုံးသည့်အခါ တရုတ်နိုင်ငံသို့ သက်ဆိုင်ရာနိုင်ငံမှ တင်သွင်းလိုသည့် ကုန်စည်အတွက် စောင့်ကြည့်စစ်ဆေးမှုဆိုင်ရာ အခြေပြစာချုပ် (မူကြမ်း) တင်ပြရေးနှင့် ပတ်သက်၍ နှစ်ဖက်ညိှနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(င) အခြေပြုစာချုပ်ပါ အချက်များအပေါ် သဘောတူညီချက်များ ရရှိပြီးသည့်အခါ သက်ဆိုင်ရာကုန်စည်များအား စာချုပ်ပါအချက်များနှင့် အညီ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်း ခွင့်ရရှိမည် ဖြစ်ပါသည်။

၄။       တရုတ်ပြည်သူ့သမ္မတ နိုင်ငံအတွင်းသို့ လယ်ဘာစိုက်ပျိုးရေးထွက်ကုန်များအပါအဝင် ကုန်စည်များ တရားဝင်တင်းသွင်းခွင့်ရရှိရေးနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာကိစ္စရပ်များအား မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တရုတ်ပြည်သူ့သမ္မတ နိုင်င်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ( General Administration of Customs of China – GACC) တို့အကြား လိုအပ်သည့် လုပ်ထုံးလုပ်နည်း များအား မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် အချိန်နှင့်တပြေးညီ လိုက်ပါဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် GACC ထံမှ ရရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ တင်သွင်းခွင်ပြုရန်အတွက် Pest Risk Analysis (PRA) လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ (A Questionnaire of Information Needed for Import PRA) ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းစဉ်များ (China Access Procedures for Inspection and Quarantine of Customs of China – GACC) (အင်္ဂလိပ်/ တရုတ်ဘာသာ) တို့အား ပူးတွဲဖော်ပြအပ်ပါသည်။

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး

 ပေကျင်း

Loading