ပြည်ပသတင်းများ

နယူးဇီလန်၏ တရုတ်နှင့်ကုန်သွယ်မှု ဒေါ်လာ ၁၉ ဘီလီယံ သို့ရောက်ရှိ

နယူးဇီလန်နိုင်ငံတွင် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်သူများသည် နယူဇီလန်နိုင်ငံရှိ စားသုံးသူ ၅ သန်းစားသုံးမှုထက် ကျော်လွန်သော ပမာဏကို ထုတ်လုပ်လျက်ရှိပါသည်။ စင်စစ် အားဖြင့်နယူးဇီလန်တွင်လူနှင့်နို့စားနွားအရေအတွက်မှာ တူညီလုနီးပါးဖြစ်ပါသည်။ နယူးဇီလန် နိုင်ငံ၏ ရာသီဥတုမှာ အေးမြပြီး၊ လုံလောက်သော မိုးရေရရှိမှုနှင့် စားကျက်မြေများကြောင့် နွားနို့ထုတ်လုပ်မှု အထူးကောင်းမွန်လျက်ရှိပြီး၊ အကျိုးရလဒ်အဖြစ် နို့နှင့် နို့ထွက်ပစ္စည်းများ အတွက် တရုတ်နိုင်ငံက အကြီးဆုံးဖောက်သည်အဖြစ် ရပ်တည်လျက်ရှိပါသည်။

ကူးစက်ရောဂါဖြစ်ပွားမှု ကာလတစ်လျှောက်လုံး တရုတ်နိုင်ငံမှ နွားနို့ဝယ်လိုအားမြင့် တက်လာခဲ့ခြင်းကြောင့် ကမ္ဘာ့ဈေးနှုန်းမှာလည်း မြင့်တက်စေခဲ့ရာ နို့ထွက်ပစ္စည်း၏ ၉၆ % ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းကြောင့် မွေးမြူရေးလုပ်ငန်းကဏ္ဍအတွက် မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ မကြာသေးမီက အဆင့်မြှင့်တင်ခဲ့သော တရုတ်-နယူးဇီလန်ကုန်သွယ်မှု သဘောတူစာချုပ်အရ လည်းတရုတ်နှင့် နယူးဇီလန်ကုန်သွယ်မှု အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရ ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၁၉ ဘီလီယံဖိုးခန့် တင်ပို့နိုင်ခဲ့ပြီး၊ ဒေါ်လာ ၅ဘီလီယံမှာနို့နှင့်နို့ထွက်ပစ္စည်းတင်ပို့မှုဖြစ်ပါသည်။ လယ်ယာထွက်ကုန် တင်ပို့မှုတွင် စုစုပေါင်း တင်ပို့မှု၏ သုံးပုံတစ်ပုံခန့်မှာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။

လွန်ခဲ့သည့် ၆ လကတည်းက ဩစတြေးလျနိုင်ငံထုတ် ဝိုင်၊ မုယောစပါး၊ အသားနှင့် ပင်လယ်စာတို့အပြင် အချို့ပိုကုန်များမှာ တရုတ်နိုင်ငံ၏ မြင့်မားသော တန်ပြန်စုပုံတင်သွင်းခွန် များစည်းကြပ်ခံရခြင်းနှင့်အရေးယူပိတ်ဆို့ခြင်းများ ခံရလျက်ရှိပြီး၊ ဩစတြေးလျနိုင်ငံက တရုတ် နိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ရင်းမြစ်ကို စုံစမ်းဖော်ထုတ်ရန် တွန်းအားပေးချိန်မှ စတင်၍ ဩစတြေးလျအမဲသားနှင့်ဝိုင်များမှာ ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်များနှင့် ကြုံတွေ့လာခဲ့ ရခြင်းဖြစ်ပါသည်။

နယူးဇီလန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများအနက် အသေးငယ်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏နို့ထွက်ပစ္စည်းတင်ပို့မှုအတွက် တရုတ်နိုင်ငံမှာ အဓိက ကျ သောနိုင်ငံအဖြစ်ရပ်တည်လျက်ရှိရာ နယူးဇီလန်အနေဖြင့် ၄င်းအနေအထားအတိုင်း ဆက်လက် ရပ်တည်သွားလိုသည့်ဆန္ဒရှိသော်လည်း ဩစတြေးလျနိုင်ငံ၏ အခြေအနေမှာ နယူးဇီလန်အနေ ဖြင့်မည်ကဲ့သို့ ရှောင်ကြဉ်ရမည်ဆိုသည့် သင်ခန်းစာယူရမည် အနေအထားဖြစ်ပါသည်။ နယူး ဇီလန်နိုင်ငံရှိ ထုတ်လုပ်သူများကလည်း အစိုးရသည် တရုတ်နိုင်ငံနှင့် ပိုနေမြဲကျားနေမြဲ အခြေ အနေကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း မျှော်မှန်းထားလျက်ရှိပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Source: www.abc.net.au

Loading