ပြည်ပသတင်းများ

၂၀၂၁ ခုနှစ် သီးနှံရိတ်သိမ်းချိန်တွင် ဂျုံတန်ချိန် ၇.၃ သန်းထွက်ရှိရန် IBGE ခန့်မှန်း

ဂျုံ၊ အုတ်ဂျုံနှင့် မုယောစပါးများသည့် ဘရာဇီးလ်နိုင်ငံတွင် အများအပြားစိုက်ပျိုးသည့် အဓိကဆောင်းသီးနှံများဖြစ်ကြပြီး ၂၀၂၁ ခုနှစ် သီးနှံရိတ်သိမ်းချိန်တွင် ဘရာဇီးလ်နိုင်ငံမှ ဂျုံတန် ချိန် ၇.၃ သန်း ထွက်ရှိရန်ခန့်မှန်းထားပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၈.၃ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း သုတေသနသတင်းအချက်အလက်များ ထုတ်ပြန်ပေးနေသည့်  Brazilian Institute of Geography and Statistics ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံတောင်ပိုင်း၏ ဂျုံစိုက်ပျိုးထုတ်လုပ်မှုသည် တစ်နိုင်ငံ လုံးထွက်ရှိမှု၏ ၈၈.၇ ရာခိုင်နှုန်းရှိပြီး ဂျုံအများဆုံးစိုက်ပျိုးသည့် Paraná ပြည်နယ်၏ ဂျုံစိုက်ပျိုး ထွက်ရှိမှုသည် တစ်နိုင်ငံလုံးမှထွက်ရှိသည့်ဂျုံပမာဏ၏ ၅၁.၇ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် Paraná ပြည်နယ်မှ ဂျုံတန်ချိန် ၃.၈ သန်း ထွက်ရှိနိုင်ရန် ခန့်မှန်းထားသည်။

ဂျုံကိုဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် Rio Grande do Sul ပြည်နယ်၏ ဂျုံ စိုက်ပျိုးထွက်ရှိမှုသည် တနိုင်ငံလုံးမှထွက်ရှိသည့် ဂျုံပမာဏ၏ ၃၅.၀ ရာခိုင်နှုန်းရှိပြီး ၂၀၂၁ ခုနှစ် သီးနှံရိတ်သိမ်းချိန်တွင် ဂျုံတန်ချိန် ၂.၆ သန်းထွက်ရှိရန် ခန့်မှန်းထားသည်။

Loading