ပြည်ပသတင်းများ

ထိုင်းနိုင်ငံအနေဖြင့် အီးယူနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင် ရန် ပြင်ဆင်နေခြင်း

ထိုင်းနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသော လွတ်လပ်သော ကုန်သွယ်  ရေးသဘောတူညီချက်Free Trade Agreement (FTA)အတွက် ယခုနှစ်တွင်  ဉရောပသမဂ္ဂ  (EU)နှင့်ဆွေးနွေးမှုများ ပြန်လည်စတင်ရန်လမ်းဖွင့်ပေးမည့် ပူးတွဲနားလည်မှုစာတမ်းကို ရေးထိုး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Pirkka Tapiola နှင့် (၁၄.၆.၂၀၂၁ရက်နေ့) တွင်တွေ့ဆုံခဲ့သော စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဂျူရင်လက်ဆာနာဝီဆစ်(Jurin Laksan awisit) ၏  အဆိုအရ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ( Understanding document)အား လာမည့် နှစ်တွင်စတင်မည့် နှစ်နိုင်ငံအစိုးရ ချင်းFTAဆွေးနွေးပွဲများအတွက်မူဘောင်(Framework) အဖြစ် အသုံးပြုလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းအစိုးရနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အနေဖြင့် အီးယူနှင့် FTA ဆွေးနွေးပွဲများပြုလုပ်ရန် အထူးအလေးထားလျှက်ရှိကြောင်း၊ အီးယူကိုယ်တိုင်က  ထိုင်းနိုင်ငံ သည်အာဆီယံအတွင်း ဗီယက်နမ်နှင့် စင်္ကာပူပြီးပါက သဘောတူညီချက်   လက်မှတ်ရေးထိုးမည့် တတိယနိုင်ငံဖြစ်သင့်ကြောင်း၊ ဆက်လက်ပြီး ဝန်ကြီး မစ္စတာဂျူရင်က   အီးယူ  (၂၇) နိုင်ငံသည် ကမ္ဘာ့ ကုန်သွယ်မှုတွင် အာဆီယံ၊ တရုတ်၊ ဂျပန်နှင့်  အမေရိကန်နိုင်ငံတို့ပြီးပါက ထိုင်းနိုင်ငံပဉ္စမမြောက် ကုန်သွယ် ဖက်နိုင်ငံဖြစ်ခြင်းကြောင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်လိမ့် မည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညိှနှိုင်းရေးဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum က အဆိုပါ ပူးတွဲနားလည်မှုဆိုင်ရာစာတမ်းသည် ကုန်စည်များ၊ ဝန်ဆောင်မှုများ နှင့် ရင်းနှီးမြှုပ်နှံမှုများပါ အကျုံးဝင်ကြောင်း၊ အလားတူ အခြားသောစိတ်ဝင်စားသည့် ဧရိယာများ ဖြစ်သည့် Intellectual Property ၊ အစိုးရဝယ်ယူရေး  (Government Procurement)  နှင့် e-commerce တို့လည်း ပါဝင်ကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအားနှစ်ဖက်စလုံးမှအမှန်တစ်ကယ် စေ့စပ်ညိှနှိုင်းခြင်းမပြုမီ စဉ်းစားဆောင်ရွက်ခြင်းနှင့် တည်ပြုခြင်းတို့ လိုအပ်ကြောင်းသိရှိရပါသည်။ ဆက်စပ်ကိစ္စရပ်တစ်ခု အနေဖြင့်မစ္စတာဂျူရင်က ၎င်းနှင့်Mr.Tapiola တို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သည် Covid-19 ၏ သက်ရောက်မှုများကိုလျှော့ချရန်၊ အထူးသဖြင့် ကာကွယ်ဆေးကာကွယ်ဆေးထုတ် လုပ်မှုစွမ်းအားတိုးမြှင့်ခြင်းနှင့် ကာကွယ်ဆေးအားဖြန့်ချီရာတွင် မျှတမှုရှိစေရေးတို့အတွက် WTO ၏ အခန်း ကဏ္ဍကိုမြှင့်တင်ရန် ကိစ္စရပ်အပေါ်တွင်လည်းအမြင်တူကြကြောင်းပြောကြားခဲ့ပါသည်။

၎င်းက ထိုင်းနိုင်ငံအနေဖြင့်နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပမည့် WTO ဝန်ကြီးများအဆင့်ညီလာခံကို ထောက်ခံရန်နှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်(Multilateral Trading System)အပေါ်ယုံကြည်မှု ပြန်လည် ရရှိလာ စေရေးအတွက်အီးယူနှင့် လက်တွဲဆောင်ရွက်ရန်အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

ယခု လက်ရှိကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအား  ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်း ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအားဖြင့် Bio Circular and Green (BCG) စီးပွားရေး၊ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် စံချိန်စံညွှန်းများတိုးတက်ရေးတို့အတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။

၂၀၂၀ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် အီးယူတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၃.၁) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းမှာထိုင်းနိုင်ငံ၏တစ်ကမ္ဘာလုံးနှင့် ကုန်သွယ်မှု ၏ (၇.၅၆%) ရှိကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံမှ အီးယူသို့ တင်ပို့သောပို့ကုန်ပစ္စည်းများမှာ ယမန်နှစ်က အမေရိကန်ဒေါ်လာ (၁၇.၆) ဘီလီယံရှိခဲ့ကြောင်း၊ ထိပ်တန်းအများဆုံးတင်ပို့ခဲ့သော ကုန်ပစ္စည်းများတွင် ကွန်ပျူတာများနှင့်အစိတ်အပိုင်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ ရာဘာထုတ်ကုန်များ၊ လေအေးပေးစက်နှင့်အစိတ်အပိုင်းများ၊ မော်တော်ယဉ်သုံးကရိယာများနှင့် အစိတ်အပိုင်းများ၊ ဆားကစ်ဘုတ်များ၊ စက်ကရိယာများနှင့် အစိတ်အပိုင်းများ၊ မော်တော် ဆိုင်ကယ်များနှင့် အစိတ်အပိုင်းများ၊ လျှပ်စစ်ပစ္စည်းကရိယာများနှင့် အစိတ်အပိုင်းများနှင့် မှန်ဘီလူး များဖြစ်ကြကြောင်းသိရှိရပါသည်။ အီးယူအနေဖြင့် ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် FTA ဆိုင်ရာ စေ့စပ်ညိှနှိုင်းဆွေးနွေးမှုများကို ရပ်ဆိုင်းထားခဲ့ကြောင်း၊ အီးယူ အနေဖြင့် ဒီမိုကရေစီရပ်ဆိုင်းမှုအပေါ် ကန့်ကွက်ခဲ့ကြောင်းသိရှိရပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်မြို့

Loading