ပြည်ပသတင်းများ

၂၀၂၁ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေး (၁.၃) ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားခြင်း

၂၀၂၁ ခုနှစ်၏ ပထမသုံးလပတ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူလာခဲ့ပြီး၊ ဂျီဒီပီ (၁) ရာခိုင်နှုန်းတိုးလာခဲ့ရာမှ လက်ရှိ ဒုတိယသုံးလပတ်တွင် (၁.၃) ရာခိုင်နှုန်း အထိ ထပ်မံတိုးတက်မည်ဟု ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ် (National Bank of Belgium) ကခန့်မှန်းထားပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၌ ကပ်ရောဂါဆိုင်ရာ အသွားအလာ ကန့်သတ်ချက်များ ကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးလျက်ရှိခြင်းသည် ပုဂ္ဂလိကကဏ္ဍ စားသုံးမှု ပြန်လည် တိုးတက်လာမှုကိုအား ကောင်းစေလိမ့်မည်ဟု သိရသည်။

ဘယ်လ်ဂျီယံအစိုးရသည် အသွားအလာကန့်သတ်ချက်များကို တစ်ဆင့်ချင်း ဖြေလျှော့ ပေးလျက်ရှိရာ ဒုတိယသုံးလပတ်တွင် ပုဂ္ဂလိကကဏ္ဍစားသုံးမှုသည် ပို၍အရှိန် ရလာမည်ဟု ဆိုသည်။ ဘယ်လ်ဂျီယံနိုင်ငံ၏ လုပ်သားဈေးကွက်မှာလည်း ကြံ့ခိုင်အားကောင်းလျက်ရှိသဖြင့် ဝင်ငွေအလား အလာအပေါ် ယုံကြည်မှုမြင့်မားလျက်ရှိကြောင်း သိရသည်။ စားသောက်ဆိုင်များနှင့် ဘားဆိုင်များ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းကြောင့် စားသောက်ကုန်မဟုတ်သည့်ပစ္စည်းများ လက်လီရောင်းချမှု (ဥပမာ – သန့်ရှင်းရေးသုံး ပစ္စည်း၊ တစ်ရှူးစသည်) အပေါ် အပြုသဘောသက် ရောက်မှုရှိမည်ဖြစ် ပါသည်။

ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် တိုးတက်မှုသည် ဒုတိယ သုံးလပတ်တွင် တိုးတက်လာပြီး၊ လက်ရှိအခြေအနေတွင် စီးပွားရေးနှင့်ဈေးကွက် အပေါ်ရှု မြင်မှုဆိုင်ရာညွှန်းကိန်း (business sentiment indicator) မှာလည်း ယေဘုယျအားဖြင့် ကပ်ရော ဂါမတိုင်မီကာလအဆင့်ထက် ကျော်လွန်နေသည်ဟု သိရသည်။ အစိုးရပိုင်းမှရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ရာ ရင်းနှီးမြှုပ်နှံမှုတို့တွင် ဆက်လက်တိုးတက်မည်ဟု ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်က ခန့်မှန်းထားပါသည်။ ပြည်ပဝယ်လိုအားမြင့်တက်လျက်ရှိသော်လည်း ဘယ်လ်ဂျီယံနိုင်ငံ၏ ဒုတိယ သုံးလပတ် ဂျီဒီပီတိုးတက်မှုတွင် အသားတင်ပို့ကုန် တင်ပို့မှုမှ ပါဝင်မှုသည် ကျဆင်းခဲ့ပါသည်။ ပြည်တွင်းဝယ်လို အားအရှိန်ရလာခြင်းကြောင့် သွင်းကုန်တိုးတက်မှု ဆက်လက်မြင့်တက်နိုင် ကြောင်း သိရပါသည်။

ရင်းမြစ် –  (National Bank of Belgium)

Loading