စီမံကိန်းစိစစ်သုံးသပ်အကဲဖြတ်လေ့လာခြင်းဆိုင်ရာ သင်တန်း (Introduction to Monitoring & Evaluation Training) ကျင်းပပြုလုပ်ခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ရုံးအမှတ် (၁၅) တွင် ဦးစီးဌာန/ တက္ကသိုလ်များရှိ M&E Unit များမှ အဖွဲ့ဝင်သစ်များအား စီမံကိန်း စိစစ်သုံးသပ်အကဲဖြတ်လေ့လာခြင်းဆိုင်ရာ သင်တန်း (Introduction to Monitoring & Evaluation Training) ကို (၆-၆-၂၀၂၂) ရက်နေ့မှ (၁၇-၆-၂၀၂၂) ရက်နေ့ထိ အုပ်စု (၂) ခုခွဲ၍ ပြုလုပ်ကျင်းပခဲ့ရာ သင်တန်းသို့ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများတက်ရောက်ဖွင့်လှစ်ခဲ့ပြီး ဦးစီးဌာန/ တက္ကသိုလ် များမှ M&E Unit အဖွဲ့ဝင် သင်တန်းသူ/သား စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ကြပါသည်။
![](https://sp-ao.shortpixel.ai/client/to_webp,q_glossy,ret_img,w_838,h_543/http://www.moalidop.gov.mm/wp-content/uploads/2022/06/image-1.png)
၂။ သင်တန်းသည် နိုင်ငံတော်ခွင့်ပြုငွေ၊ ပြည်ပချေးငွေ၊ အထောက်အပံ့ငွေများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ အကျိုးရှိထိရောက်မှုကို သိရှိနိုင်စေရေး၊ ဝန်ကြီးဌာနတွင်း M&E စနစ်၏ အဓိကကျသော အစိတ်အပိုင်းများဖြစ်သည့် ဉီးစီးဌာန အသီးသီး ရှိ M&E Unit များ အချင်းချင်း ချိတ်ဆက်၍ M&E လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်မှု အားကောင်းလာစေရေး၊ M&E ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။
၃။ သင်တန်းဖွင့်လှစ်ခြင်းကြောင့် သင်တန်းသားများအနေဖြင့် M&E အခြေခံ သဘော တရားများ၊ စောင့်ကြည့်လေ့လာခြင်း၊ စိစစ်သုံးသပ်ခြင်းနှင့် ရလဒ်များအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့၏ ဆက်နွယ်မှုများ၊ စီမံကိန်းစက်ဝန်းနှင့် ပါဝင်သည့် အဆင့်များ၊ စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ခြင်း နှင့် စီမံခန့်ခွဲနည်း ခြင်း၊ ရလဒ်များ စောင့်ကြည့်လေ့လာခြင်းနှင့် စိစစ်သုံးသပ်ခြင်းများ ဆောင်ရွက်ရာတွင် အဓိက ကျသော Logical Framework (Logframe) ရေးဆွဲနည်းစနစ်များ၊ ရလဒ်အခြေပြု အစီရင်ခံ တင်ပြခြင်းနည်းစနစ် (Result-Based Reporting System) များကို သိရှိနားလည်း၍ စနစ်တကျ ရေးဆွဲဆောင်ရွက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးပါဝင်၍ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့် ဖြစ်ထွန်းစေရေးအတွက် Participatory Approach အဖြစ် အုပ်စုများဖွဲ့၍ ညှိနှိုင်းဆွေးနွေး လေ့လာ အဖြေရှာခြင်း နည်းလမ်းများဖြင့် အခက်အခဲနှင့် ပြဿနာရပ်များအား ဖော်ထုတ်၍ ရည်မှန်းချက် အဖြစ် ပြောင်းလဲခြင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
![](https://sp-ao.shortpixel.ai/client/to_webp,q_glossy,ret_img,w_843,h_524/http://www.moalidop.gov.mm/wp-content/uploads/2022/06/image-2.png)
![](https://sp-ao.shortpixel.ai/client/to_webp,q_glossy,ret_img,w_836,h_557/http://www.moalidop.gov.mm/wp-content/uploads/2022/06/image-3.png)
၄။ သင်တန်း၏ ထိရောက်အောင်မြင်မှုကို တိုင်းတာနိုင်ရန် သင်တန်းသို့ တက်ရောက် လာသည့် သင်တန်းသူ/ သားများအား Pre-test၊ Post-test နှင့် Evaluation test များ ဖြေဆိုစေခဲ့ပြီး သင်တန်းအောင်မြင်ပြီးစီးခြင်း အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
![](https://sp-ao.shortpixel.ai/client/to_webp,q_glossy,ret_img,w_841,h_519/http://www.moalidop.gov.mm/wp-content/uploads/2022/06/image-4.png)
![](https://sp-ao.shortpixel.ai/client/to_webp,q_glossy,ret_img,w_840,h_546/http://www.moalidop.gov.mm/wp-content/uploads/2022/06/image-5.png)