ပြည်ပသတင်းများ

အစိုးရအနေဖြင့် GI မှတ်ပုံတင်ခြင်းကို အရှိန်မြှင့်တင် ဆောင်ရွက်လျှက်ရှိခြင်း

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ် ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံခြားကုန် သည်များကထိုင်းနိုင်ငံ၏ ထုတ်ကုန်များကို ထုတ်လုပ်နေခြင်းအားတားဆီးရန်အတွက် ပထဝီဝင် ဆိုင်ရာ ဒေသအညွှန်းကိန်း Geographical Indication (GI) ဆိုင်ရာ ထုတ်ကုန်များ မှတ်ပုံတင် ခြင်းကိုနိုင်ငံ (၄) ခုတွင် မှတ်ပုံတင်နိုင်ရန် အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါ သည်။ Geographical  Indication (GI)ဆိုသည်မှာ ထူးခြားသော လက္ခဏာအသွင်အပြင်ရှိသည့် အချို့သော ဒေသများ၊ ပြည်နယ်များ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များမှလာသော ထုတ်ကုန်ပစ္စည်းများ အတွက် တရားဝင်အထောက်အထားလက်မှတ်(Certificate)ဖြစ်ပါသည်။             အဆိုပါ မှတ်ပုံတင်ခြင်းအတွက် လျှောက်ထားလွှာ(Applications) များကိုတရုတ်၊ ဂျပန်၊ ဗီယက်နမ်နှင့်မလေးရှားအာဏာပိုင်များထံ ပေးပို့ထားကြောင်း၊ IPဦးစီးဌာန၏ ဒုတိယ အကြီး အကဲPrayoth Benyasut ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ မှတ်ပုံတင်မည့် ထုတ်ကုန်ပစ္စည်းများမှာ တရုတ်နိုင်ငံတွင်မှတ်ပုံတင်မည့် Thung Kula Rong Hai Hom Mali Rice ဟုမ်းမလိဆန်၊ Pakpanang Tub Tim Siam Pomelo ကျွဲကောသီး နှင့်  Phetchabun sweet Tamarind မန်ကျည်းချိုသီး၊ ဂျပန်နိုင်ငံတွင်မှတ်ပုံတင်မည့် Doi Chaang and Doi Tung coffee ကော်ဖီနှင့် အလားတူ Huay Mon Pineapple နာနတ်သီးတို့ဖြစ်ကြောင်း၊ ဗီယက်နမ် နိုင်ငံတွင်မှတ်ပုံတင်မည့် Phetchabun sweet Tamarind မန်ကျည်းချိုသီးနှင့် Lamphun golden dried long လောင်ဂန်သီး၊ မလေးရှားနိုင်ငံတွင်မှတ်ပုံတင်မည့်Thung  Kula Rong Hai Hom Mali Rice ဟုမ်းမလိဆန်၊ Sangyod Muang Phatthalung Rice ဆန် နှင့် Pakpanang Tub Tim Siam Pomelo ကျွဲကောသီးတို့ဖြစ်ကြောင်းသိရှိရပါသည်။

နိုင်ငံခြား တိုင်းပြည်များတွင် GI မှတ်ပုံတင်ခြင်းဖြင့် အချို့သော ဒေသများမှ မူရင်း အဖြစ်ထွက်ရှိသည့် ထိုင်းထုတ်ကုန်များအပေါ် အကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ ထုတ်ကုန်များ၏ ထူးခြားသော အသွင်အပြင်လက္ခဏာများသည် ထိုင်းနှင့် နိုင်ငံခြား ဝယ်ယူသူများနှစ်ဘက်လုံးအပေါ် ဆွဲဆောင်မှုဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ပါ သည်။

ထိုင်းနိုင်ငံ၏ GIထုတ်ကုန်များ ပြည်ပတင်ပို့မှုအနေဖြင့် ယခင်နှစ်က ဘတ်ငွေ (၁) ဘီလီယံရှိခဲ့ရာမှ ယခုနှစ်အတွက် (၅%-၁၀%)တိုးတက်ရန် မျှော်မှန်းထားကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားတိုင်းပြည်များတွင် ထုတ်ကုန်များစွာကို မှတ်ပုံတင်ပြုလုပ်ထား ကြောင်း၊ အီးယူ တွင် Thung Kula Rong Hai Hom Mali Rice ဟုမ်းမလိဆန်၊ Doi Chaang coffee ကော်ဖီ၊ Doi Tung Coffee ကော်ဖီနှင့် Sangyod Mung Phatthalung Rice ဆန်တို့မှတ်ပုံတင်ထားကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် IsanIndigenous Thai Silk Yarn ထိုင်း ပိုးချည်ထည်အားလည်းကောင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် Lamphun brocade Thai Silk ထိုင်းဘရိုကိတ်ပိုးထည်တို့အားလည်းကောင်း မှတ်ပုံတင်ထားကြောင်းသိရှိရပါသည်။

ဖေါက်သည်များအကြားလူသိများလာသည်နှင့်အမျှ GI ထုတ်ကုန်များ ရောင်းချမှုသည် အလား အလာကောင်းလာကြောင်း၊ ၄င်းက အစိုးရအနေဖြင့် များစွာသော အဖွဲ့အစည်းများသို့ ၄င်းတို့၏ ထုတ်ကုန်ပစ္စည်းတန်ဖိုးများကို မြှင့်တင်နိုင်ရန် အရည်အသွေးကိုမြှင့်တင်ကြစေဖို့ အတွက် အားပေးအားမြှောက်ပြုပေးစေခဲ့ကြောင်းသိရှိရပါသည်။ အစိုးရက GI ထုတ်ကုန်များ အပေါ်မြှင့် တင်ဆောင်ရွက်ပေးခဲ့ချိန်မှ စတင်၍ ထိုင်းနိုင်ငံအနေဖြင့် စုစုပေါင်း ဈေးကွက်ပမာဏကိုဘတ်ငွေ (၃၆)ဘီလီယံအထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဉီးစီးဌာန၏ပြောကြားချက်အရ သိရှိရပါ သည်။ ထိုင်းနိုင်ငံ ပြည်နယ်(၇၆)ခုမှ GI မှတ်ပုံတင်ထားသော ပင်ရင်းဒေသ ထုတ်ကုန် (၁၃၇) ခု ရှိကြောင်း၊ ယခုနှစ်အတွင်း  ပြည်နယ်(၇၇)ခုလုံးမှ ထုတ်ကုန်များကို မှတ်ပုံတင်နိုင်ရန်   ဉီးစီးဌာ နအနေဖြင့်စီစဉ်ထားရှိကြောင်း၊ နောက်ဆုံး GI ထုတ်ကုန်မှာ Kaw Diew Phichit Rice ဆန် ဖြစ်ကြောင်း၊ ၄င်းထုတ်ကုန်ကိုဧပြီလ(၂၇)ရက်နေ့တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

 ဗန်ကောက်မြို့

Loading