ပြည်တွင်းသတင်းများ, သတင်းများ

“စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” စကားဝိုင်းဆွေးနွေးပွဲအား တက်ရောက်နိုင်ပါကြောင်း

၁။    စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပူးပေါင်းပါဝင်သည့် စကားဝိုင်း ဆွေးနွေးပွဲကို စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်ဖြင့် (၂၀-၆-၂၀၂၄) ရက်၊ ကြာသပတေးနေ့၊ နေ့လယ် (၂ : ၀၀) နာရီ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၁၅)၊ စုဝေးဆောင် ခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။       အဆိုပါစကားဝိုင်းသို့ စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်း-၀၆၇၃၄၁၀၄၈၉ သို့     (၁၉-၆-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီနောက်ဆုံးထား၍ Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါသည်။

Loading