ပြည်ပသတင်းများ

China-ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition ပြပွဲအား တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ Nanning International Convention and Exhibition Center (NICEC) ၌ The China-ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition (The Sugar All Expo) အား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ ဤပြပွဲအား CAEXPO Secretariat၊ GIEG၊ China Sugar Association ၊ China Agricultural Mechanization Association ၊ China Association of Agricultural Machinery Manufacturers ၊ China Agricultural Machinery Distribution Association ၊ Sugar Industry Development Office of Guangxi၊ Department of Agriculture and Rural Affairs of Guangxi Zhuang Autonomous Region နှင့် Service Center of Agriclutural Mechanization of   Guangxi Zhuang Autonomous Region တို့က ပူးပေါင်းကျင်းပမည်ဖြစ်ပါသည်။

The Sugar All Expo တွင် မူဝါဒများ၊ စံနှုန်းသတ်မှတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့်ရောင်းချ ခြင်း၊ ရုပ်ပုံများပြသခြင်း၊ အမှတ်တံဆိပ်လုပ်ငန်းလုပ်ပိုင်ခွင့်များပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှုနည်းပညာများ အသုံးပြုခြင်း၊ ဉာဏ်တု အသုံးပြု၍ စိုက်ပျိုးခြင်း၊ နည်းပညာဖွံ့ဖြိုးရေးနှင့် တီထွင်ဆန်းသစ်မှုများနှင့် စားသောက်ကုန် စိတ်ချလုံခြုံရေးစသည့် သကြားထုတ်လုပ်မှု ကွင်းဆက်အားလုံးအပေါ် ခြုံငုံပြသသွားမည်ဖြစ်ပြီး၊  ကမ္ဘာတစ်ဝှမ်းမှ သကြားလုပ်ငန်း ရင်းမြစ်များကို စုစည်းပြသသွားရန် ရည်ရွယ်ထားပါသည်။

The Sugar All Expo တွင် သကြားစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်သည့် စက်ပစ္စည်း များ၊ နည်းပညာများနှင့် အသုံးအဆောင်များ၊ သကြားနှင့် လုပ်ငန်းသုံးသကြားစသည့် ထွက်ကုန် များ၊ ချောကလက်၊ သကြားလုံး၊ ပျားရည်၊ ဘီစကစ်၊ နို့မှုန့်၊ သကြားပါဝင်သည့် ဆေးဝါးများ၊ စိုက်ပျိုးရေးထွက်ကုန်များစသည့် သကြားဖြင့် ထုတ်လုပ်ထားသည့် စားသောက်ကုန် များနှင့် ယမကာများ၊ အထောက်အကူပြု ပံ့ပိုးပေးမည့် ဝန်ဆောင်မှုများဟူ၍ အပိုင်း (၅) ပိုင်းဖြင့် ကျင်းပ သွားမည်ဖြစ်ပါသည်။ ၎င်းပြပွဲကာလအတွင်း မြန်မာနိုင်ငံ၏ သကြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အား ပါဝင်ပြသရန်အတွက် (၃၆) စတုရန်းမီတာကျယ်ဝန်းသည့် ပြခန်းနေရာပေးမည်ဖြစ်ပါသည်။

ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ ကိုရိုနာကပ်ရောဂါကျရောက်နေသည့်အတွက်  တရုတ် နိုင်ငံသို့ မြန်မာလုပ်ငန်းရှင်များ ကိုယ်တိုင်လာရောက်ပြသရန် ခက်ခဲနေကြသဖြင့် မြန်မာနိုင်ငံ အတွက် ရရှိမည့် စတုရန်းမီတာအကျယ်အဝန်းရှိသော နေရာတွင် (၃၆) နန်နင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ရင်းမြစ်၊ စီးပွားရေးသံမှူးရုံး (မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး)၊ နန်နင်းမြို့

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး(နန်နင်းမြို့)

Loading