Myanmar Biosafety Framework Consultation
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် the United States Department of Agriculture (USDA) ၏ နည်းပညာအကူအညီဖြင့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာမူဘောင် (National Biosafety Framework)ကို အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် Zoom Consultation Meeting for National Biosafety Framework with experts from Michigan State University (MSU) and Myanmar National Biosafety Committee အစည်းအဝေးကို (၂၈-၁-၂၀၂၁)ရက်နေ့ (ကြာသပတေးနေ့)၊ နံနက်(၉:၄၅)နာရီတွင် Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမား ရေးရာကော်မတီ ဥက္ကဋ္ဌ၊ USDA နှင့် Michigan State University – MSU မှ ပညာရှင်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ Myanmar National Biosafety Committee မှ ကော်မတီဝင်များ တက်ရောက်ကြပါသည်။

၃။ အဆိုပါ အစည်းအဝေးကို USDA နှင့် Michigan State University – MSU ၏ ပညာရှင်များမှ ဇီဝလုံခြုံမှုမူဘောင်၏ အရေးပါပုံနှင့် အကျိုးကျေးဇူးများ၊ ဇီဝနည်းပညာနှင့် စပ်လျဉ်းသော နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ရန်နှင့် Biosafety Framework အတည်ပြုထုတ်ပြန်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ဝန်ကြီးဌာနမှ ပညာရှင်များနှင့် လွှတ်တော်မှ ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးညှိနှိုင်းနိုင်ရန် ရည်ရွယ်၍အစီအစဉ် (၁၂)ရပ်ဖြင့်ကျင်းပ ခဲ့ပါသည်။ အစည်းအဝေးကို နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။