ပြည်ပသတင်းများ

အမေရိကန်နိုင်ငံ၏ အားလပ်ရက်ရုံးပိတ်ချိန်တွင် ချီကာဂို စတော့ဈေးကွက် ပိတ်ထားခဲ့သဖြင့် ဘရာဇီးလ်ဈေးကွက်တွင် ပဲပုတ်စေ့များ အရောင်းအဝယ်အေးလျက်ရှိ

မေလ ၃၁ ရက်နေ့(တနင်္လာနေ့)သည် အမေရိကန်နိုင်ငံ၏ အောက်မေ့ဖွယ်နေ့အထိမ်း အမှတ် ရုံးပိတ်ရက်ဖြစ်သဖြင့်  ချီကာဂိုစတော့ဈေးကွက်ပိတ်ထားခဲ့ပြီး  အရောင်းအဝယ်များရပ်နား ထားခဲ့သည်။ ထို့ကြောင့် ဘရာဇီးလ်နိုင်ငံ၏သီးနှံဈေးကွက်များတွင်လည်း ပဲပုတ်စေ့များ အရောင်း အဝယ်အေးခဲ့ကာ ဈေးနှုန်းကျဆင်းမှုများလည်းရှိခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး အကြံပေးကုမ္ပဏီ Safras က သတင်းဌာနသို့ ပြောကြားခဲ့သည်။

Passo Fundo (RS) ဈေးကွက်တွင် ပဲပုတ်စေ့ ၆၀ ကီလိုတစ်အိတ်လျင် ဘရာဇီးလ်ဟဲရာ ၁၇၀.၅၀ မှ ၁၆၈ သို့လည်းကောင်း၊ Missions Region ဈေးကွက်တွင် ဟဲရာ ၁၆၉.၅၀ မှ ၁၆၇.၀၀ သို့ လည်းကောင်း၊ Rio Grande ဈေးကွက်တွင် ၁၇၂.၅၀ မှ ၁၇၁.၅၀ သို့လည်းကောင်း ဈေးနှုန်းများ အသီးသီးကျဆင်းခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

Paraná ပြည်နယ်၊ Cascavel ဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်လျင် ဘရာဇီးလ်ဟဲရာ ၁၆၉ ဖြင့် ဈေးနှုန်းများတည်ငြိမ်ခဲ့ပြီး Paranaguá (PR) ဈေးကွက်တွင် ပဲပုတ်စေ့ ၁ အိတ်လျင် ဟဲရာ ၁၇၃ မှ ၁၇၂ သို့ ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ်များဖြစ်ပေါ်ခဲ့ကြောင်း အကြံပေး ကုမ္ပဏီက ပြောကြား ခဲ့သည်။

၆၀ ကီလိုဂရမ်အလေးချိန်ရှိ ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည် Rondonópolis (MT) ဈေးကွက် တွင် ဟဲရာ ၁၆၅.၅၀ ဖြင့်လည်းကောင်း၊ Dourados (MS)ဈေးကွက်တွင် ဟဲရာ ၁၆၁ ဖြင့်လည်းကောင်း၊ Rio Verde (GO) ဈေးကွက်တွင် ဟဲရာ ၁၆၅ ဖြင့်လည်းကောင်း ဈေးနှုန်းများတည်ငြိမ်စွာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုမ္ပဏီက သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဇွန်လ ၁ ရက်နေ့(အင်္ဂါနေ့)၌ ချီကာဂိုစတော့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်တွင် အမေရိ ကန်နိုင်ငံ သီးနှံစိုက်ပျိုးရာသီချိန်တွင်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်သတင်းများကြောင့် ဈေးကွက်အပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြငအမေရိကန်စိုက်ပျိုးရေးဌာန(U.S. Department of Agriculture – USDA)၏ ပို့ကုန်စစ်ဆေးရေးနှင့် သီးနှံဖွံ့ဖြိုးတိုးတက်ရေး အပတ်စဉ် အစီရင်ခံစာ သတင်းထုတ်ပြန်ချက်ကလည်း စတော့ဈေးကွက်အပေါ် များစွာအကျိုးသက်ရောက်မှု ရှိကြောင်း အကြံပေးကုမ္ပဏီက ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံအပါအဝင် လက်တင်အမေရိကနိုင်ငံများ၏သီနှံဈေးကွက်သည် အမေရိ ကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက်နှင့်ချိတ်ဆက်နေပြီး စတော့ဈေးကွက်၏ ဈေးကွက်ပေါက်ဈေး များအပေါ်မူတည်၍ အချိန်နှင့်အမျှ ဈေးနှုန်းများပြောင်းလဲလျက်ရှိသည်။ ထို့အပြင် ဘရာဇီးလ်နိုင်ငံ ၏ အဓိကသီးနှံများဖြစ်သည့် ပဲပုတ်စေ့၊ ကော်ဖီစေ့နှင့်ကြံ(သကြား) တို့ကို နိုင်ငံတကာသို့တင်ပို့ရန် အတွက် ချီကာဂိုစတော့ဈေးကွက်တွင် ရောင်းဝယ်မှုများ အဓိကပြုလုပ်လျက်ရှိသည်။ ဘရာဇီးလ် နိုင်ငံမှထွက်ရှိသည့် အမဲသားနှင့်သီးနှံများ၏ ပြည်တွင်းနှင့် နိုင်ငံတကာဈေးနှုန်းများဖြစ်ပေါ်မှုသည် အာဂျင်တီးနားအပါအဝင် လက်တင်အမေရိကနိုင်ငံများ၊ အမေရိကန်နိုင်ငံ၊ ဩစတေးလျနိုင်ငံနှင့် အခြားဈေးကွက်ဝင်နိုင်ငံများ၏ သီးနှံစိုက်ပျိုးရိတ်သိမ်းချိန်များ၌ဖြစ်ပေါ်သည့် ရာသီဥတုအခြေအနေ နှင့် စိုက်ပျိုးထုတ်လုပ်မှုတို့အပေါ်တွင် များစွာမူတည်လျက်ရှိနေသည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading