ပြည်ပသတင်းများ

အီလက်ထရောနစ်ချစ်ပ်များ ပြတ်လပ်မှုကြောင့် ဘယ်လ်ဂျီယံရှိ မော်တော်ကားကုမ္ပဏီများ၏ ထုတ်လုပ်မှု ယာယီဆိုင်းငံ့ ထားရခြင်း

ဘယ်လ်ဂျီယံနိုင်ငံ၊ Ghent မြို့ရှိ Volvo မော်တော်ကား ထုတ်လုပ်သည့်စက်ရုံနှင့် ဘရပ်ဆဲလ်မြို့ရှိ Audi စက်ရုံတို့သည် မော်တော်ယာဉ်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ် သည့် အီလက်ထရောနစ်ချစ်ပ် (electronic chips) များ မလုံလောက်မှုကြောင့် ထုတ်လုပ် ရေးလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားရကြောင်း သိရသည်။

မော်တော်ကားများ၊ စမတ်ဖုန်းများ၊ လက်ပ်တော့ကွန်ပျူတာများ စသည်တို့တွင် အသုံးပြုသည့် အဆိုပါ မိုက်ခရိုချစ်ပ်များလိုအပ်ချက်မှာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူအများစုနေအိမ်တွင်သာ နေထိုင်ရခြင်း၊ Work from Home ဆောင်ရွက် ရခြင်းတို့ကြောင့် ပိုမိုမြင့်တက်လာခဲ့သည်။ ထို့ပြင် ဗိုင်းရပ်စ်ထိန်းချုပ်ရေးဆိုင်ရာ အသွားအလာ ကန့်သတ်ချက်များချမှတ်မှု၊ ကိုဗစ်-၁၉ ကြောင့် သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာမှုအပါ အဝင် ကမ္ဘာ့ကုန်စည် စီးဆင်းမှုတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၎င်းကုန် စည်များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် အဟန့်အတားဖြစ်ပေါ်ခဲ့ရာမှ ပြတ်လပ်မှုပြဿနာကို ကြုံ တွေ့ခဲ့ရခြင်း ဖြစ်ပါသည်။

European Association of Automotive Suppliers (CLEPA) အရ အီလက် ထရောနစ်ချစ်ပ်များ မလုံလောက်မှုကြောင့် ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာဖြင့် မော်တော် ယာဉ်ထုတ်လုပ်မှုအစီးရေ (၅) သိန်းခန့် နှောင့်နှေးခဲ့ကြောင်း၊ ယင်းပြဿနာ၏ သက်ရောက် မှုများကို ၂၀၂၂ ခုနှစ်အထိ ဆက်လက်ကြုံတွေ့ရနိုင်ကြောင်း သိရပါသည်။

အီးယူ၏ မော်တော်ကားထုတ်လုပ်မှုကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းလာစေ ရေးနှင့် ဥရောပနိုင်ငံသားများစွာတို့၏ အလုပ်အကိုင်များကို အကာအကွယ်ပေးရန်အတွက် ယင်းအီလက်ထရောနစ်ချစ်ပ် ပြတ်လပ်မှုအကျပ်အတည်းကို မြန်မြန်ဆန်ဆန် တုံ့ပြန်ရန် လိုအပ်ကြောင်း CLEPA က အကြံပြုထားပါသည်။ အီလက်ထရောနစ်ချစ်ပ်များ ရရှိနိုင်မှုသည် လာမည့် လအနည်းငယ်အတွင်း ဆက်လက်ခက်ခဲနေဉီးမည်ဖြစ်သဖြင့် စက်ရုံ၏ ထုတ်လုပ်မှု ကို ချိန်ညှိရန်ဖြစ်နိုင်မည်မဟုတ်ကြောင်း ဘရပ်ဆဲလ်မြို့ရှိ Audi မော်တော်ကားလုပ်ငန်းထံမှ သိရသည်။

ရင်းမြစ် –   (The Brussels Times)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်

Loading